Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့နယ်တွင် ငါးခူရနယ်ခြားစောင့်စခမ်းမှ စခန်းမှူးနှင့် အရာရှိ ၃ဦးထွက်ပြေး

မောင်တောမြို့နယ်တွင် ငါးခူရနယ်ခြားစောင့်စခမ်းမှ စခန်းမှူးနှင့် အရာရှိ ၃ဦးထွက်ပြေး

ABN-ရှိုင်းမိုး

ဇူလိုင် ၄ရက်

ဇူလိုင်လ ၃ရက်နေ့ ညနေပိုင်းအချိန်က ရခိုင်ပြည် မောင်တောမြို့နယ် မြောင်ပိုင်းရှိ ငါးခူရနယ်ခြားစောင့်စခန်းမှ စခန်းမှူးနှင့် အရာရှိ ၃ဦးစခန်းမှ ထွက်ပြေးသွားသည်ဟုသိရသည်။

ထိုစခန်းမှ စခန်းမှူးတစ်ဦး၊ အမှုစစ်ဗိုလ် ၂ဦးနှင့် နောက်ထပ် စစ်ဗိုလ် ၁ဦးမှာ သူ၏အမျိုးသမီးလည်းပါသွားသည်ဟုသိရသည်။

ထို စခန်းမှူးအပါဝင် အရာရှိ ၃ဦးသည် တရားခံကိုလိုက်ရှာကြသည့် အချိန်တွင် ထွက်ပြေးသွားကြသည်ဟုသိရသည်။

” စခန်းမှူးတစ်ယောက်ပါ၊ အရာရှိ စစ်ဗိုလ် ၃ယောက်ပါ၊ တစ်ယောက်မှာ မိန်းမလည်းပါသွားတယ်၊ သူတို့က ထွက်ပြေးနေတဲ့ တရားခံရှာကြရင်း သူတို့လည်းထွက်ပြေးသွားတာပါ” ဟုဒေသခံတစ်ဦးကပြောသည်။

ထွက်ပြေးသွားတဲ့တရားခံသည် မောင်တောမြို့နယ် ဦးရှိန် ကျေးရွာ၏ အုပ်ချုပ်ရေးမှူးဟောင်း ဦးဆီရ ဖြစ်သည်ဟုသိရသည်။

လက်ရှိတွင် ထိုတပ်ပြေး ၄ဦးနှင့် ထွက်ပြေးသွားသည့်တရားခံကို အပူတပြင်းလိုက်ရှာနေကြသည်ဟုသိရသည်။

ပြီးခဲ့သည် မတ်လ ၆ရက်နေ့ကလည်း မောင်တောမြို့နယ်တောင်ပိုင်း မြင်းလွှတ်နယ်ခြားစောင့်ရဲကင်းစခန်းမှ နယ်ခြားစောင့် တပ်ဖွဲ့ဝင် ၄ဦး လက်နက်ခဲယမ်းများနှင့်အတူ ထွက်ပြေးသွားခဲ့သည်ဟု သိရသည်။

ဓာတ်ပုံ-ရခိုင်-ဘင်္ဂလာနယ်စပ် ရခိုင်ဖက်ခြမ်းမှ နယ်ခြားစောင့်တပ်အား တွေ့ရစဥ်/AFP

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ