Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့နယ်တွင် ချောင်းကူးတံတားပေါ်မှ သားဖြစ်သူရေထဲပြုတ်ကျ၍ မိခင်ဖြစ်သူ ဆယ်ယူဖို့ကြိုးစားရာ သားမိနှစ်ဦးလုံး ရေနစ်သေဆုံး

ABN-ရှိုင်းမိုး

စက်တင်ဘာ ၆ရက်

စက်တင်ဘာလ ၅ရက် နေ့လည် ၂ နာရီက မောင်တောမြို့နယ် ပန်းတောပြင်ရွာမှ ချောင်းကူးတံတားဖြတ်ကူးရာ သားဖြစ်သူရေထဲပြုတ်ကျ၍ မိခင်ဖြစ်သူက ကယ်ဆယ်ရန် ကြိုးစားစဥ် သားမိ ၂ ယောက်လုံး ရေနစ်သေဆုံးခဲ့သည်ဟု သိရသည်။

သေဆုံးသွားသော သားမိနှစ်ဦးမှာ မောင်တောမြို့နယ် ကညင်တန်းရပ်ကွက်မှ အသက် ၃၀ အရွယ် နေသူ​ဂျော်နောက်တာရာနဲ့ သားဖြစ် အသက် ၅နှစ်အရွယ် နော်ဂျူမူကာတို့ဖြစ်ကြောင်းသိရသည်။

ဖြစ်စဥ်မှာ နေသူဂျော်နောက်တာရာမှာ ၁၁လအရွယ်သားဖြစ်သူနှင့် ၅နှစ်အရွယ် နော်ဂျူမူကာလာအပါဝင် ၎င်းရပ်ကွက်မှ ဒေါ်ဆာဆီလူနားတို့နှင့်အတူ ကညင်တန်းရွာမှ ပန်းတောပြင်ရွာသို့ စျေးသွားဝယ်သောကြောင့် ပန်းတောပြင်ရွာအဝင်လမ်းတွင် ယာယီဝါးတံတားကို ဖြတ်ကူးသည့်အချိန်တွင် နော်ဂျူမူကာလာသည် တံတား၏ ဘယ်ဘက်ခြမ်းကိုခြေချော်ကျပြီး ချောင်းထဲကိုကျ၍ နစ်မြုပ်သွားခဲ့သည်ဟုသိရသည်။

သားဖြစ်သူနစ်မြုပ်သွားသောကြောင့် ၁၁ နှစ်အရွယ်သားဖြစ်သူကို အဖော်ပါလာသူ ဒေါ်ဆာတီလူနားအားအပ်ကာ ရေနစ်သွားသောသားဖြစ်သူကို ကယ်ဆယ်ရန်အတွက် ရေထဲခုန်ဆင်းခဲ့သည့်အချိန်တွင် သားမိ ၂ဦးလုံးပျောက်ဆုံးသွားသည်ဟုသိရသည်။

ထိုသားမိကို ခရိုင်၊ မြို့နယ်မီးသတ်ဦးဆောင်ကာ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် ဂရုဏာကွန်ရက်ပရဟိတအသင်းများက ဝိုင်းဝန်းရှာဖွေခဲ့သောကြောင့် ညနေဖက် ၄နာရီကျော်အချိန်က ရှာဖွေတွေ့ရှိခဲ့သည်။

စက်တင်ဘာလ ၅ရက်နေ့ကလည်း မြေပုံမြို့နယ် ဝက်ခေါင်းရွာမှ အသက် ၂၇နှစ်အရွယ် အမျိုးသားတစ်ဦး ငါးရှာရာတွင် ဝက်ရူပြန်ရောဂါထဖောက်၍ ချောင်းထဲ၌ ရေနစ်သေဆုံးခဲ့သည်။

သြဂုတ်လ ၂၈ရက်နေ့ကလည်း အသက် ၂၈နှစ်အရွယ် မဝင်းနုသည် ချောင်းထဲ၌ ပုစွန်ရှာနေစဥ် ဝက်ရူးပြန်ရောဂါထ၍ ရေနစ်သေဆုံးခဲ့သည်။

စက်တင်ဘာလ ၁ရက်နေ့ကလည်း စစ်တွေ မင်းဂံ အကွက် ၈မှ အသက် ၁၃နှစ်အရွယ် မောင်နိုင်လင်းစိုးမှာ ရေကန်တွင် ရေကူးရာ၌ ရေနစ်သေဆုံးခဲ့သည်။

သြဂုတ်လ ၃၀ရက်နေ့ကလည်း အသက် ၈နှစ်အရွယ် မောင်အေးချမ်းသည် ဘက်ဟိုးကျင်းထဲမတော်တဆကျ၍ ရေနစ်သေနစ်သေဆုံးခဲ့သည်။

ရခိုင်တွင် ​ပြီးခဲ့သည့် သြဂုတ်လနှင့် ဇူလိုင်လအတွင်း ရေနစ်သေဆုံးသူ ၃၀ ကျော်အထိရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ