
AB News – ဒီဇင်ဘာ ၂၁၊ ၂၀၂၃
ရက္ခိုင်ပြည်၊ မောင်တောမြို့တွင် အနဝါရ်ဆာဒတ်နှင့်မိသားစု စိန် ရွေ ရတနာလုပ်ငန်း ဆိုင်ပိုင်ရှင်အိမ် ဓားပြတိုက်ခံရပြီး ရွှေ ၅ပိဿာခန့် ပါသွားကြောင်း စုံစမ်း သိရှိရသည်။
မောင်တောမြို့၊ မြို့မအရှေ့ရပ်ကွက် ဦးဥတ္တမလမ်းမှ အဖ မူစတာအာမတ်၏သား ဦးအနဝါရ်ဆာဒတ် နေအိမ် ဓားပြတိုက် ခံခဲ့ရခြင်းဖြစ်သည်။
ယမန်နေ့ ဒီဇင်ဘာ ၂၀ရက် ညဥ့်၁၁နာရီအချိန်ခန့်တွင် မောင်တောမြို့ရှိ ဦးအနဝါရ်ဆာဒတ် နေအိမ်မှ ရွှေ ၅ပိဿာခန့် ဓားပြတိုက်ခံခဲ့ရကြောင်း မြို့ခံ ၁ဦးက AB News သို့ ပြောကြားသည်။
“မနေ့က ညဥ့် ၁၁နာရီကျော်အချိန်မှာ မျက်နှာဖုံးစွပ်ထားသည့် အမျိုးသား ၆ဦးဟာ ဦးအနဝါဆာဒတ် နေအိမ်သို့ ဖောက်ထွင်းဝင်ပြီး ဦးအနဝါဆာဒတ်ရဲ့မိန်းမ ပါးစပ်ကိုပိတ်ပြီး ရွှေထည့်ထားတဲ့ သေတ္တာကို ယူသွားကြတယ်လို့ သိထားပါတယ် “ဟုဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၀ရက်၊ နံနက် ၁၀နာရီကျော်အချိန်တွင် ရက္ခိုင်ပြည်၊ စစ်တွေမြို့မှ အမျိုးသမီး ၁ဦး ငွေနှစ်ဆယ့်ငါးသိန်းကျပ် အလုခံခဲ့ရသည်။