Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့တွင် သမဝါယာမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဌာန မှဝန်ထမ်း(၃) ဦးဖမ်းဆီးခံရ

မောင်တောမြို့တွင် သမဝါယာမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဌာန မှဝန်ထမ်း(၃) ဦးဖမ်းဆီးခံရ

AB News ဒီဇင်ဘာလ ၁၅၊ ၂၀၂၃

မောင်တောမြို့ရှိ သမဝါယာမနှင့်ကျေးလက်ဖွံဖြိုးရေးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုဦးစီး ၁ ဦး အပါအဝင် အထက်တန်းစာရေး ၂ ဦးအား အကြမ်းဖက်စစ်ကောင်စီအဖွဲ့မှ ဖမ်းဆီးသွားကြောင်း သိရသည်။

ယမန်‌နေ့ ဒီဇင်ဘာ ၁၄ ရက် ညနေ ၄ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် မောင်တောမြို့ ရှိ ရက်ကွက် (၄) ရွာသစ်ရွာ၌ ဖွင့်လှစ်ထားသော သမဝါယာမ အသေးစားစက်မှု လက်မှုလုပ်ငန်းရုံးမှ ဒုဦးစီး နေသူရိန်စိုး၊ စာရေးကြီး ကျော်ကျော်ဌေး၊ စာရေးကြီး လေးလေးကျော်တို့ ဝန်ထမ်း (၃)ဦးအား အကြမ်းဖက်စစ်ကောင်စီအဖွဲ့၏ လက်အောက်ခံ မောင်တောမြို့နယ်၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့မှ အင်အား (၁၂)ဦးသည် ကား(၃)စီးဖြင့် အရပ်ဝတ်များဝတ်၍

လာရောက်ဖမ်းဆီးသွားသည်ဟု AB News သို့ ဒေသခံတစ်ဦးက ပြောကြားခဲ့ပါသည်။

“အကြမ်းဖက်စစ်ကောင်စီအဖွဲ့က ကား ၃ စီးနဲ့ အင်အား ၁၂ ဦးခန့် အရပ်ဝတ်တွေဝတ်ပြီး

ရောက်လာတယ်။ ရုံးတံခါးကို သေနတ် ဒင်တွေနဲ့ ရိုက်ထုပြီး ဖမ်းဆီးသွားတယ်” ဟု ဆိုသည်။

ဖမ်းဆီးခံရသူများကို အကြမ်းဖက်စစ်ကောင်စီအဖွဲ့လက်အောက်ခံ မြိုသူကြီး နခခ(၅)တပ်ရင်းသို့ ယူဆောင်သွားကြောင်း သိရပါသည်။

မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသွားသည်ကိုမူ AB News က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ