သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြိုနယ်တွင် အကြမ်းဖက်စစ်ကောင်စီ ထောင်ထားသည့်မိုင်းကိုနင်းမိ၍ အမျိုးသား ၁ ဦး ခြေထောက်တစ်ဖက် ပြတ်တောက်သွား

AB News-ဇန်နဝါရီ ၈၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မောင်တောမြိုနယ်တွင် ယမန်နေ့ ည ၃နာရီခန့်တွင် သစ်ခုတ်သွားသည့် အမျိုးသား ၁ ဦးသည် မောင်တောမြိုနယ် မြောက်ပိုင်း ကြက်ရိုးပြင် မူဆလင် ကျေးရွာအနီးတွင်  စစ်ကောင်စီ ထောင်ထားသည့်မိုင်းကိုနင်းမိ၍ ညာဖက်ခြေထောက် ၁ ဖက်ပြတ်တောက်သွားကြောင်း သိရှိရသည်။

မိုင်းနင်းမိ၍ခြေပြတ်သွားသူမှာ မောင်တောမြိုနယ်၊ အောက်ပြူးမ ကျေးရွာမှ ဦးမောင်မောင်သိန်း ၃၆ နှစ်ဖြစ်ကြောင်း သိရသည်။

ဦးမောင်မောင်သိန်းသည် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်၍ သက်မွေးဝမ်းကျောင်းလုပ်ကိုင်သူ တစ်ဦးဖြစ်ပြီး ၎င်းသည် ကြက်ရိုးပြင်ကျေးရွာအနီးတွင် သူ၏ငါးဖမ်းလုပ်ငန်းအတွက် လိုအပ်သော သစ်လုံးသွားခုတ်ရာ၌ စစ်ကောင်စီအဖွဲ ထောင်ထားသည့် မိုင်းကို နင်းမိ၍ ညာခြေထောက်ပြတ်ထွက်သွားကြောင်းသိရသည်။

ရက္ခိုင်ပြည်တွင် အကြမ်းဖက်စစ်ကောင်စီအဖွဲနှင့် ရက္ခိုင့်တပ်တော်တို တကျော့ပြန်တိုက်ပွဲကာလအတွင်း စစ်ကောင်စီအဖွဲသည် ခံစစ်ဖြင့် အဘက်ဘက်မှ ရှုးနိမ့်နေလျှက်ရှိပြီး အရပ်သားပြည်သူများနေ ထိုင်ရာ နေရာဒေသများကို ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားကာ လက်နက်ကြီးများ၊ ဒရုန်းများ၊ ဂျက်ဖိုက်တာ၊ ရဟတ်ယာဥ်များဖြင့်တိုက်ခိုက်နေသည့်အပြင် လူသွားလူလာအရပ် အနီးနားများတွင်လည်း မိုင်းများထောင်၍ တိုက်ခိုက်လျှက်ရှိသည်။

ထိုသို အကြမ်းဖက်စစ်ကောင်စီထောင်ထားသည့်မိုင်းကိုနင်းမိ၍ ဇန်နဝါရီတစ်ပတ်အတွင်းတွင် ထိခိုက်ဒဏ်ရာရရှိသူ ၄ ဦးထက်မနည်းရှိလာသည်ကိုတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မောင်တောတွင် ARSA တပ်ဖွဲ့ဝင်များက ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကားပေါ်တွင်ပါလာသော စေတနာ့ဝန်ထမ်း အမျိုးသမီး၊ စျေးဝယ်အမျိုးသမီး စုစုပေါင်း (၁၆)ဦးထဲမှ တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိ