Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် AAနှင့်ဆက်စပ်သူများဟုဆိုကာ ရပ်ကွက် ၆ ခုမှ အရပ်သား ၁၀၀ ကျော်အား ဖမ်းဆီးရန် ခရိုင်ဒုရဲမှူး ညွှန်ကြားထားကြောင်း သိရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့ပေါ် ရက်ကွက် ၆ ခုမှ အရပ်သား ၁၀၀ ကျော်ကို ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးရန် မောင်တောခရိုင် ဒုရဲမှူးကြီးမှ ညွှန်ကြားထားကြောင်း သိရသည်။

ဖမ်းဆီးရန် နေရပ်လိပ်စာ၊ အမည်စာရင်းများနှင့်တကွ မောင်တောခရိုင် ဒုရဲမှူးကြီးမှ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ခေါ်ယူကာ ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည် ၁၂ နာရီခန့်က ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

” သူတို့ကအစည်းဝေးခေါ်ပါတယ်၊ အစည်းဝေးမှာ ဒုရဲမှူးကြီးက မောင်တောမြို့ပေါ်ရှိ ရပ်ကွက် ၆ခုက လူ ၁၀၀ ကျော် ဖမ်းဆီးဖို့မှာကြားပါတယ်” ဟု ပြောသည်။

ဖမ်းဆီးရန် စာရင်းပါသည့် သူများနာမည်နှင့် နေရပ်လိပ်စာများကိုမူ ABN က မေးမြန်းသော်လည်း လုံခြုံရေးအရ ဖြေကြားရန် ငြင်းဆိုခဲ့သည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ခေါ်ယူ၍ အရပ်သား ၁၀၀ ကျော်အား ဖမ်းဆီးရန် ညွှန်ကြားသည့် ဒုရဲမှူးကြီး၏ အမည်မှာ ကိုကိုလေးဖြစ်သည်။

စစ်ကောင်စီတပ်သည် ရခိုင်တွင် လူသားချင်းစာနာမှုဆိုင်ရာ အပစ်ရပ်ထားသည့် ကာလအတွင်း စစ်အင်အား တိုးချဲ့ခြင်း၊ ရိက္ခာများ ဖြည့်တင်းခြင်းနှင့် အရပ်သားပြည်သူများအား ရက္ခိုင့်တပ်တော်နှင့်ဆက်စပ်သည်ဟုဆိုကာ စွပ်စွဲဖမ်းဆီးမှုများကို ပြုလုပ်လာလျက်ရှိနေသည်ကို တွေ့နေရသည်။

ထို့အပြင် ရက္ခိုင့်တပ်တော်နှင့် တိုက်ပွဲကာလအတွင် ဖမ်းဆီးထားသည့် အရပ်သားများကိုလည်း ပြန်လည် လွှတ်ပေးခြင်း မပြုသေးသည့်အပြင် အချို့ မတရားအသင်းဆက်သွယ်မှု ပုဒ်မဖြင့်ပင် တရားစွဲလျက်ရှိသည်။

ဓာတ်ပုံ-မောင်တောမြို့တွင် စစ်ကောင်စီရဲများ စစ်ဆေးရေးလုပ်နေစဥ်/EPA

မောင်တောတွင် AAနှင့်ဆက်စပ်သူများဟုဆိုကာ ရပ်ကွက် ၆ ခုမှ အရပ်သား ၁၀၀ ကျော်အား ဖမ်းဆီးရန် ခရိုင်ဒုရဲမှူး ညွှန်ကြားထားကြောင်း သိရ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ