Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် ၂ ရက်ဆက်တိုက် တိုက်ပွဲ ဖြစ်၊ စစ်ကောင်စီဖက်မှ ၁၀ ဦးသေဆုံးပြီး ၁၅ ဦးကျော်ဒဏ်ရာရ

မောင်တောတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ကြား နိုဝင်ဘာလ ၁၈၊ ၁၉ နှစ်ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၀ ဦး ကျဆုံးခဲ့ကာ ၁၅ ဦးဒဏ်ရာရရှိခဲ့သည်ဟု ရက္ခိုင့်တပ်တော် ပြန်ကြားရေး ထုတ်ပြန်ချက်အရ သိရသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့ နေ့လည် ၁၂ နာရီခန့်မှ ညနေ ၄ နာရီထိ မောင်တောမြိုမြောက်ပိုင်း၊ ဝက်ကျိန်းအပြင်ရွာ မြောက်ဖက် မီတာ (၈၀၀) ခန့်အကွာတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ကြား အပြန်အလှန် တိုက်ပွဲ ဖြစ်ပွာားခဲ့ပြီး စစ်ကောင်စီတပ် ခမရ (၁၀၅) တပ်ရင်းမှ (၁၀) ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ (၁၅) ဦးအထက်ရှိခဲ့ကာ လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

နိုဝင်ဘာ ၁၈ ရက်နေ့ တိုက်ပွဲအတွင်း ရက္ခိုင့်တပ်တော်ဖက်မှ စစ်သည်တစ်ဦး ကျဆုံးခဲ့ပြီး ၅ ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့ကလည်း စစ်ကောင်စီဖက်မှ လက်နက်ကြီးများဖြင့် မောင်တောမြို့နယ်၊ ဝက်ကျိန်း(အလယ်ရွာ)၏ တောင်ဖက်ရှိ နခခ(၇) စခန်း၊ ဝက်ကျိန်းပတ်ဝန်းကျင်ရှိ တပ်မ(၇၇) အထိုင်ချနေသော နေရာနှင့် ကြိမ်ချောင်း (၂၄) စခန်းများမှနေ၍ အတွဲလိုက်ဒုံးများကိုပါ အသုံးပြုတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲမှာ ပြင်းထန်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ပြည်သူများအား ဦးတည်ပစ်မှတ်ထားပြီး ရပ်ရွာများသို့ လက်နက်ကြီးများကို ရည်ရွည်ချက်ရှိရှိ ပစ်ခတ်ခြင်းများပြုလုပ်နေသောကြောင့် ရခိုင်ပြည်သူလူထုအနေဖြင့် လက်နက်ကြီးသံများ၊ တိုက်ပွဲဖြစ်ပွားသံများ ကြားပါက ဗုံးခိုကျင်းများနှင့် လက်နက်ကြီးလွတ်ရာ နေရာများ၌ နေထိုင်ကြရန်နှင့် စစ်ကောင်စီသည် ခရီးသွားလာနေကြသော အပြစ်မဲ့ ပြည်သူများအား ဖမ်းဆီးနှိပ်စက်ပြီး ငွေညှစ်ခြင်းများ၊ ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်မှုရှိသည်ဟု စွပ်စွဲကာ ဖမ်းဆီးထောင်ချမှုများ ရှိနေသောကြောင့် သတိထားသွားလာကြရန် ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ရက္ခိုင့်တပ်တော်က ထုတ်ပြန်ချက်ဖြင့် အသိပေးဖော်ပြထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ