သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် ဥက္ကဋ္ဌဟောင်း ဦးဆွေယောဆာလန်၏ ညီများအား ဖမ်းဆီးရန်တစ်ရွာတည်းနေ အဘူတာဟာရ်မှ ARSA များကိုခေါ်ယူနေ

AB News – နိုဝင်ဘာ ၁၃ ရက်

ရခိုင်ပြည်၊ မောင်တောမြို့နယ် လိပ်ရမူဆလင် ကျေးရွာမှ ဥက္ကဋ္ဌဟောင်း ဦးဆွေယောဆာလန်၏ မိသားစုများကိုထပ်ဖမ်းရန် တစ်ရွာတည်းနေ အဘူတာဟာရ်သည် ဘင်္ဂလားဒေ့ရှ်မှ အာဆာ ၁၄ ဦးကို ခေါ်ထားကြောင်း သတင်းရရှိသည်။

အဘူတာဟာရ်သည် လက်ရှိစစ်ကောင်စီဥက္ကဋ္ဌ ဂူရာဆာ ၏ အကိုအရင်းဖြစ်ပြီးရွာသားများနှင့်ပူးပေါင်းကာ ဖမ်းဆီးရန်ကြိုးစားနေကြောင်းသိရသည်။

ဦးဆွေယောဆာလန်၏ အိမ်ကို နိုဝင်ဘာလ ၉ ရက်နေ့က မီးရှိူ့ပြီး မိသားစု ၅ ဦးကို ဖမ်းဆီးသွားသည့်အပြင် နောက်ထပ် ညီဖြစ်သူတို့ကိုပါ အာဆာနှင့် ပူးပေါင်း၍ ဖမ်းဆီးမည်ဟု ခြိမ်းခြောက်နေကြောင်း နိုရိုဆလင်က AB News သို့ပြောသည်။

“သူတို့က ကျနော့်အကိုနဲ့ မိသားစု ၄ ယောက်ကို ဖမ်းသွားတယ်၊ ကျနော်တို့မိသားစုကိုလည်းဖမ်းဖို့ ဘင်္ဂလားဒေ့ရှ်က အာဆာ ၁၄ ယောက်ကိုခေါ်နေတယ်၊ ကျနော်တို့ကို ခြိမ်းခြောက်နေတယ်၊ မနေရဲတော့ဘူး ” ဟုဆိုသည်။

ယခုလို အာဆာနှင့်ပူးပေါင်း၍ ဖမ်းဆီးမည်ကို ရက္ခိုင့်တပ်တော်မှ အရေးတယူလုပ်ပေးစေလိုကြောင်း ညီဖြစ်သူကတောင်းဆိုထားသည်။

မိသားများစုကို အန္တရာယ်ပေးလာနိုင်သည့်အတွက် အလွန်စိုးရိမ်ထိတ်လန့်နေရပြီး၊ မည်သည့်ဖက်ကိုသွားရမှန်းမသိ ဖြစ်နေရကြောင်း သိရသည်။

ထိုလိပ်ရ မူဆလင်ရွာအနီးတွင် စစ်ကောင်စီ ရဲစခန်းရှိ၍ သွားရောက် တိုင်တန်း အကူအညီတောင်းသော်လည်း အရေးယူဆောင်ရွက်ခြင်း အလျင်းမရှိကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်နေ့ကလည်း လက်ရှိစစ်ကောင်စီ ဥက္ကဋ္ဌ ၏ ဆွေမျိုး ၁၂ ဦးအပါအဝင် တစ်ခြားအမည်မသိ လက်နက်ကိုင်၈ ဦးတို့သည်ဥက္ကဋ္ဌဟောင်း ဦးဆွေယောဆာလန်၏ နေအိမ်သို့လာပြီး မီးရှို့ကာ လူ ၅ဦးကိုဖမ်းဆီး၍ ငွေကျပ် သိန်း ၅၀ ကိုလည်းလုယူသွားခဲ့သည်။

လိပ်ရ ရွာမူဆလင်ရွာသည် အိမ်ထောင်စု ၁၇ စု ရှိပြီး လူဦးရေ ၁၀၅ ဦးရှိကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အနောက်ဖက်တွင်တည်ရှိသည်။

လိပ်ရရွာမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စက်လှေဖြင့် သွားလျှင် မြစ်လက်တက်တစ်ခုကွေ့ရပြီး မိနစ် ၃ဝ ခန့်သာကြာမြင့်ကြောင်း ဒေသခံများကပြောသည်။

ဓာတ်ပုံ-လိပ်ရရဲစခန်း/ABNews

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ