Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် သက်ကြီးပိုင်း အငြိမ်းစားဝန်ထမ်း ၄ ဦးနှင့်အရပ်သား ၂ ဦးကို စစ်ကောင်စီအဖွဲ့က ဖမ်းဆီး

မောင်တောမြို့နယ် သာစည်ကျေးရွာတွင် ဇရပ်ပေါ်၌ စကားထိုင်ပြောနေကြသည့် အစိုးရဝန်ထမ်း အငြိမ်းစား ၄ ဦးနှင့် အရပ်သား ၂ ဦးကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၂၉ ရက်နေ့ နေ့လယ်ခန့်ကဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ထိုသူများမှာ သာစည်ကျေးရွာသား အစိုးရ ဝန်ထမ်းဟောင်း အငြိမ်းစား ၄ ဦးနှင့် အရပ်သား ၂ဦးတို့ ဖြစ်ကြပြီး ၎င်း ၆ ဦးတို့သည် နေ့လည် ၃နာရီလောက်က သာစည်ရွာ ဇရပ်ပေါ်တွင် အဖန်ရည်ထိုင်သောက်နေကြစဥ် ဘူးသီးတောင် အခြေစိုက် နခခ (၅)တပ်ရင်းမှ အရပ်ဝတ် ဝတ်ထားသည့် စစ်ကောင်စီတပ်သား ၂၀ ခန့်သည် ကား ၃ စီးဖြင့် ရောက်လာကာ ဖမ်းဆီးသွားကြောင်းသိရှိရသည်။

” လူစုလူဝေးလုပ်နေလို့ သူတို့ဖမ်းဆီးတယ်လို့ပြောပါတယ် အဲဒီဇရပ်မှာက နေခင်းဆိုရင်ပုံမှန်လည်း လူတွေထိုင်နေကြတာပါ ဒီနေ့တရက်တည်းမဟုတ်ပါဘူး အဲဒါကို ဒီနေ့မှ သူတို့အကြောင်းပြချက်ရှာပြီးဖမ်းသွားတာပါ ဖမ်းဆီးသွားတဲ့လူတွေကလည်း သက်ကြီးပိုင်း အစိုးရ ဝန်ထမ်းဟောင်း အငြိမ်းစား ၄ ယောက်နှင့် အရပ်သား ၂ ယောက်ပါ” ဟုပြောပါတယ်။

ဖမ်းဆီးခံရသူများမှာကျောင်းအုပ်ဆရာအငြိမ်းစား ဦးထွန်းအောင်ကျော် အသက် ၆၅နှစ်၊ ရဲအငြိမ်းစား ဦးအေးစိန် အသက် ၈၀နှစ်၊ ခရိုင်ထွေ/အုပ်စာရေးကြီး (ငြိမ်း) ဦးမောင်လှစိန် အသက် ၆၀နှစ်၊ ခရိုင်ထွေ /အုပ်စာရေးကြီး ဦးကျန်ဝင်း အသက် ၅၀နှစ်၊ ဦးမောင်သာနု အသက် ၆၀နှစ်နှင့် ဦးကျော်စိုးမိုး အသက် ၅၀နှစ်တို့ဖြစ်ကြသည်။

လက်ရှိတွင် မိသားစုဝင်များနှင့် အဆက်အသွယ်ရရှိပြီ ဖြစ်ကြောင်း သိရသည်။

လက်ရှိရခိုင်မှာ ဒေသခံအများအပြားကို စစ်ကောင်စီတပ်မှ နေ့စဥ်ဖမ်းဆီးနေပြီး ဖမ်းဆီးသူ လူဦးရေ ရာချီရှိနေပြီးဖြစ်ကြောင်း ထိုဖမ်းဆီးခံရသူများထဲတွင် အမျိုးသမီးများလည်းပါဝင်နေသည်။

မောင်တောတွင် သက်ကြီးပိုင်း အငြိမ်းစားဝန်ထမ်း ၄ ဦးနှင့်အရပ်သား ၂ ဦးကို စစ်ကောင်စီအဖွဲ့က ဖမ်းဆီး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ