Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် ဝါခုတ်ရန်သွားသည့် လူနှစ်ဦးအား ဒဏ်ရာများဖြင့် သေလျက်တွေ့ရှိ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရွှေတောင်ရွာမှ ဝါးခုတ်ရန် တောသို့သွားရာမှ ပျောက်ဆုံးသွားသည့် လူ ၂ ဦးကို ရွာသားများ လိုက်ရှာရာ ထို ၂ ဦးအား ဒဏ်ရာများဖြင့် သေလျက် တွေ့ရှိကြောင်း လိုက်ရှာရာတွင် ကိုယ်တိုင်ပါခဲ့သူ ရွာသားတစ်ဦးက ပြောသည်။

ကျနော်တို့ သူတို့အလောင်းကို ၁ နာရီ ၂ မိနစ်ခန့်မှတွေ့ပါတယ်။ ခန္ဓာကိုယ်ကို မြေမှာ မြှုပ်ထားတာကိုတွေ့တာပါ။ ခန္ဓာကိုယ်ကိုလည်း ၄ ပိုင်း ပိုင်းပြီး သတ်သွားတာပါ ဟုပြောသည်။

အသတ်ခံလိုက်ရသူ၏ အမည်များမှာ ဦးသိန်းထွန်းနှင့် လှကျော်ထွန်း တို့ဖြစ်ပြီး ၎င်းတို့သည် မောင်တောမြို့နယ် ရွှေတောင်ရွာနဲ့ ၄ နာရီခန့်ကြာ ခြေကျင်းသွားရသည့် တောင်တန်းတွင် ဝါးခုတ်ရန် သွားစဥ် သတ်ဖြတ်ခံရခြင်းဖြစ်သည်။

အလောင်းတွေ့ရှိသော နေရာအနီးတွင် တဲများရှိပြီး လူအများ နေထိုင်ချက်စားခဲ့သည်ကို တွေ့ရှိရသည်ဟု ရွာသားများက ပြောသည်။

ထိုရွာသား ၂ ဦးအား သတ်ဖြတ်သွားသည့် သူများမှာ ARSA အဖွဲ့ဖြစ်နိုင်ကြောင်း ရွာသားမျာက ခန့်မှန်းနေကြသည်။

သတ်သွားတဲ့ ပုံစံကို ကြည့်ရတာ အာဆာအဖွဲ့က သတ်သွားတာ ဖြစ်နိုင်ပါတယ်။ အသေအချာတော့ မသိသေးပါဘူး၊ အာဆာအဖွဲ့လည်း ဒီနေရာတွေကို မကြာခဏ ဝင်ရောက်လှုပ်ရှားတာတွေရှိတယ် ဟုအမည်မဖော်လိုသည့် ရွာသားတစ်ဦးက ပြောသည်။

အသတ်ခံရသူ ၂ ဦးသည် ယမန်နေ့ ဒီဇင်ဘာ ၁၈ ရက်နေ့မနက်က ဝါးခုတ်ရန် နေအိမ်မှ ထွက်သွားခဲ့ကြခြင်းဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ