Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် ရက္ခိုင့်တပ်တော် ထိုးစစ်ဆင်တိုက်ခိုက်နေသည့် တမန်းသားစခန်းမှ စစ်ကောင်စီတပ်သား ၉၀ ကျော် AA ထံလက်နက်ချအလင်းဝင်

AB News – မတ်လ ၂၆၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မောင်တောတွင် ရက္ခိုင့်တပ်တော် ထိုးစစ်ဆင်တိုက်ခိုက်နေသည့် တမန်းသားစခန်းမှ စစ်ကောင်စီတပ်သား ၉၀ ကျော် AA ထံလက်နက်ချက်အလင်းဝင်သွားကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်သည် လက်နက်ချက်အညံ့မခံသေးသော ၎င်းစခန်းကုန်းကိုဝင်တိုက်စဥ်အတွင်း မတ်လ ၂၅ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလင်းဝင်သွားကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“ဒီကုန်းက စစ်ကောင်စီတွေက အညံ့မခံတော့ AA ကဝင်တိုက်တယ်။ အသေအပျောက်များလာတော့ မနေ့ကပဲ အလင်းဝင်သွားကြပါတယ်။ လူဦးရေကတော်တော်များတာပဲ” ဟုဆိုသည်။

၎င်းစခန်းမှ ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လိုက်လံရှင်းလင်းလျက်ရှိရာ ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ချေမှုန်းနိုင်ခဲ့ပြီး ရန်သူ့အလောင်း (၂၀) ကျော်၊ လက်နက်ခဲယမ်းများကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း မတ်လ ၂၄ ရက်နေ့က AA ကပြောထားသည်။

အလားတူ ဘူးသီးတောင်မြို့နယ်၊ အနောက်ပြင် ( ရွာပျက်) ၏ မီတာ (၃၀၀) ခန့်အကွာတွင် အဆိုပါထွက်ပြေးလာသော စစ်ကောင်စီများထဲမှ တပ်ဖွဲ့ဝင် (၁၂) ဦးအား သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း AA ၏ထုတ်ပြန်ချက်တွင်ပါရှိသည်။

လက်နက်ချအလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရက္ခိုင့်တပ်တော်က ကောင်းမွန်စွာထိန်းသိမ်းထားကြောင်းသိရသည်။

ရက္ခိုင့်တပ်တော်အနေဖြင့် ရက္ခိုင်ပြည်သူလူထုများအား နေ့စဉ်သတ်ဖြတ်နေသော စစ်ကောင်စီအား ထိုက်သင့်သော တုံ့ပြန်တိုက်ခိုက်မှုများဖြင့် လက်စားချေတုံ့ပြန်သွားမည်ဖြစ်ကြောင်းလည်း ဆိုထားသည်။

ရုပ်သံ-တမန်းသားစခန်းမှ လက်ကျန် စစ်ကောင်စီအဖွဲ့ AA ထံလက်နက်ချအလင်းဝင်လာသည်ကိုတွေ့ရစဥ်/CJ

Website
www.arakanbaynews.com

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ