Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ဖြစ်ပွား၊ စကစမှ ဂျက်တိုက်လေယာဥ်ဖြင့် ဗုံးကြဲနေ

AB News- နိုဝင်ဘာ ၁၆၊ ၂၀၂၃

ရက္ခိုင်ပြည်၊ မောင်တောမြောက်ပိုင်းတွင် ရက္ခိုင့်တပ်တော် AA နှင့်စစ်ကောင်စီတို့ တိုက်ပွဲ ဖြစ်ပွားနေပြီး စကစ ဖက်မှ ဂျက်တိုက်လေယာဥ် ဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း AB News က ထောက်လှမ်းသိရှိရသည်။

မောင်တောမြို့နယ် ဒုံးညိုကျေးရွာအနားတွင် AAမှ ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ဒေသခံ တစ်ဦးက AB News သို့ပြောသည်။

“တိုက်ပွဲ ဖြစ်နေတယ်၊ ကြာနေပါပြီ၊ စကစ ဖက်က ဂျက်တိုက်လေယာဥ်တွေနဲ့ လာပစ်နေတယ်”ဟု ဆိုသည်။

လက်ရှိသတင်းရေးသားနေသည့် အချိန်အထိ ၂ဖက်တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်ပြီး ဒေသခံပြည်သူများလည်း ထွက်ပြေးနေကြရကြောင်း သိရသည်။

ဒုံးညိုရွာအနီးရှိ စကစ နယ်ခြားစောင့်စခန်းကို ဝင်သိမ်းနေသည်ဟု သိရှိရသော်လည်း AB News က သီးခြားအတည် မပြု နိုင်သေးပေ။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ