Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် မြိုရွာတစ်ရွာကို စစ်ကောင်စီရဲတပ်ဖွဲ့က လက်နက်ကြီးဖြင့်ပစ်ခတ်၊ နေအိမ် ၇ ဆောင် မီးလောင်ပြာကျ

နိုဝင်ဘာ ၁၉ ရက်နေ့ ညနေ ၄ နာရီခန့်က မောင်တောမြို့နယ် မြောက်ပိုင်းတွင် မြိုရွာ တစ်ရွာကို စ်ကောင်စီ ရဲတပ်ဖွဲ့က လက်နက်ကြီးဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့သဖြင့် နေအိမ် ၇ ဆောင်မှာ မီးလောင် ပြာကျသွားကြောင်း ရွာသားတစ်ဦးက ABN ကို သတင်းပို့လာသည်။

ထိုရွာမှာ မောင်တောမြို့နယ် မြောက်ပိုင်းရှိ ဝက်ကျိန်းရွာသစ် (မြို) ရွာဖြစ်ပြီး ထိုရွာကို အောင်စစ်ပြင် နခခ (၇) ရဲတပ်ရင်းမှ လက်နက်ကြီးများ ပစ်ခတ်ခဲ့သဖြင့် လူနေအိမ် ၇ ဆောင် မီးလောင်ပြာကျသွားခြင်းဖြစ်သည်။

နေအိမ်များမှာ ဒေါ်ကန်ကုပ်| ဦးအာဒွီး | ဦးရွယ်စုန်း| ဦးမင်ပေါင် | ဦးမင်ဝမ်း| ဦးပန်ပျော် နှင့် ဦးထွေးလှိုင် နေအိမ်တို့ ဖြစ်ကြကြောင်းသိရသည်။

ထို ဝက်ကျိန်းရွာသစ် မြိုရွာတွင် ထိုနေအိမ် ၇ ဆောင်အပြင် နောက်ထပ် ကျည်ထိမှန်ခဲ့သည့် နေအိမ်များလည်း ရှိသေးကြောင်း ရွာသားများ ပြောကြားချက်အရသိရသည်။

လက်နက်ကြီးများဖြင့်ရွာထဲကို ပစ်ခတ်ချိန်၌ ကျေးရွာသားများမှာ ဗုံးခိုကျင်းများတွင် ဝင်ရောက် ခိုလှုံနေခဲ့ကြသည့်အတွက် လူများကို ထိခိုက်မှု မရှိခဲ့ကြောင်း နောက်ထပ်ရွာသားတစ်ဦးက ပြောသည်။

“လက်နက်ကြီးတွေက မရပ်တမ်းကိုပစ်တာ။ ကျနော်တို့လည်း ဘာမှမသိဘူး။ ရွာထဲကို ပဲလာကျတယ်။ ရွာသားတွေကတော့ ဗုံးကျင်းထဲဝင်နေလို့သာ အသက်လွတ်ကြတာ။ အောင်စစ်ပြင်ကနေ ပစ်တာ” ဟု ပြောသည်။

စစ်ကောင်စီတပ်သည် ရခိုင်နှင့် စစ်ကိုင်းတိုင်းများတွင် အရပ်သားများ နေထိုင်သည့် ကျေးရွာများကို ပစ်မှတ်ထားပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ကိုတွေ့ရသည်။

ရခိုင်တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးရွာထဲကို စစ်ကောင်စီတပ်မှ ဝင်ရောက်ပြီး လူသတ် မီးလျို့ခြင်းများ ပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ တတိယ အပတ်က စစ်ကောင်စီတပ်မှ လူနေအိမ် ၈၀၀ ကျော်ကို မီးတိုက်ဖျက်စီးခဲ့ကာ အပြစ်မဲ့အရပ်သားပြည်သူ ၄၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ကြရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ