Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် မိုင်းနင်းမိ၍ ၁၃နှစ်အရွယ် ၅တန်းကျောင်းသားတစ်ဦးသေဆုံး

ABN-ရာဟု

ရခိုင်ပြည် မောင်တောမြို့နယ် ခမောင်းဆိပ်ရွာမှ ၁၃နှစ်အရွယ် ၅တန်းကျောင်းသားတစ်ဦး ဖေဖော်ဝါရီလ ၂ရက်နေ့က မိုင်းနင်းမိ၍ သေဆုံးသွားကြောင်း သိရှိရသည်။

မောင်တောမြို့ ခမောင်ဆိပ်ရွာမှအဖ ဦးမောင်ကျန်အေးသား ၁၃နှစ်အရွယ် ၅တန်းကျောင်းသား မောင်ကျော်စိုး သည်၎င်း၏ခွေးနှင့်အတူ ဖေဖော်ဝါရီလ ၂ရက်နေ့ နေ့လည်၁၂ နာရီ ၂၅ မိနစ်ခန့်က ခမောင်းဆိပ်ကင်းစခန်းတောင်ဖက်တွင် ငှက်ကိုင်းထောင်နေစဥ် စစ်ကောင်စီတပ်က ထောင်ထားသည့်မိုင်းနင်မိ၍ သေဆုံးသွားကြောင်း သိရှိရသည်။

“မိုင်းပေါက်ကွဲသံကြားရလို့ သွားစုံစမ်းကြည့်တာ ကလေးငယ်က သူ့ခွေးကလေးနှင့်အတူသေနေတာ တွေ့ရတယ်၊ အနီးမှာငှက်ထောင်တာတွေ တွေ့တယ်”ဟု ရွာသားတစ်ဦးက ABNကိုပြောသည်။

ရခိုင်ပြည်တွင် စစ်ကောင်စီတပ်က ၎င်းတို့နေထိုင်တပ်စခန်းချရာနေရာ အနီးပတ်ဝန်းကျင်များတွင် မိုင်းများထောင်ထားကာ တပ်စခန်းပြန်လည် ဆုတ်ခွာချိန်များတွင်လည်း မိုင်များကို ရှင်းလင်းခြင်းမရှိသောကြောင့် မိုင်းပေါက်ကွဲမှုဖြစ်ပွားကာ ပြည်သူများ နေစဥ်သေဆုံးလျှက် ရှိနေကြရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ရခိုင်ပြည်တွင် မိုင်းနင်းမိ၍ အရပ်သားပြည်သူ ၇ဦးသေဆုံးကာ ၄ဦးထိခိုက်ဒဏ်ရာများရရှိခဲ့သည်။

မောင်တောတွင် မိုင်းနင်းမိ၍ ၁၃နှစ်အရွယ် ၅တန်းကျောင်းသားတစ်ဦးသေဆုံး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ