သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် ဖမ်းဆီးခံထားရသည့် ရွက်ညိုတောင်ဆရာတော် ပြန်လည်လွတ်မြောက်လာ

ရခိုင်ပြည် မောင်တောမြို့နယ် ရွက်ညိုတောင် ကျောင်းထိုင်ဆရာတော် ဦးပညာသီရိ ယနေ့ နိုဝင်ဘာ ၉ ရက် နံနက် ၇နာရီ ၃၀မိနစ်တွင် ပြန်လည်လွတ်မြောက်လာကြောင်း သိရှိရသည်။

အရပ်ဝတ်များဝတ်ဆင်ကာ လက်နက်များကိုင်ဆောင်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်လူတစ်စုက ဦးပညာသီရိအား မြို့မဘုန်းကြီးကျောင်းတိုက်အတွင်းသို့ အိမ်စီးကားနှစ်စီးဖြင့် လာရောက်ပို့ဆောင်ပေးတာဟု မျက်မြင်သက်သေများက ABNကိုပြောသည်။

နိုဝင်ဘာလ၄ရက်နေ့က မောင်တောမြို့ မြို့မဘုန်းကြီးကျောင်းပဋ္ဌာန်းပွဲ နောက်ဆုံးညပဋ္ဌာန်းရွတ်အပြီး ဆရာတော်အိပ်ခန်းထဲသို့ ပြန်ကြွနေစဥ် ည၈နာရီ ၄၅မိနစ်တွင် စကစအဖွဲ့ဝင် ၇ဦးက သက်ဆိုင်ရာမြို့နယ် သံဃာ့နာယကအဖွဲ့ကို ဦးစွာတိုင်ကြားခွင့်ပြုချက်မတောင်းခံဘဲ ဆရာတော်တပါးကို ၅ရက်တိုင်တိုင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ