Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင် အချင်းချင်းစကားများရာမှ လက်ပစ် ဗုံးနှင့် ပစ်ခတ်မှု​ဖြစ်ကြ၍ ၁ဦးသေဆုံး

မောင်တောတွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင် အချင်းချင်းစကားများရာမှ လက်ပစ် ဗုံးနှင့် ပစ်ခတ်မှု​ဖြစ်ကြ၍ ၁ဦးသေဆုံး

ABN-ရှိုင်းမိုး

မောင်တောမြို့နယ်ရှိ စစ်ကောင်စီရဲ့ ကျောက်ပန္ဒူနယ်ခြားစောင့်စခန်းတွင် ဧပြီ ၁၁ ရက်နေ့က တပ်ဖွဲ့ဝင်နှစ်ယောက် အချင်းချင်းစကားများရာမှ လက်ပစ် ဗုံးနှင့်ပစ်ခတ်​ကြ၍ ပေါက်ကွဲမှုဖြစ်ပြီး ၁ဦးသေဆုံးသွား ကြောင်းသိရသည်။

သေဆုံးသွားသောသူမှာ နခခ(၆) တပ်ရင်းမှ ကျောက်ပန္ဒူရွာမြောက်ဖက်စခန်းတွင် တာဝန်ကျနေသည့် အသက် ၂၇နှစ်အရွယ် ဆောင်းဦးဝေ ဖြစ်သည်။

ဧပြီ ၁၁ ရက်နေ့ နေလည် ၂ နာရီကျော်အချိန်တွင် နယ်ခြားစောင့်စခန်းရှိ ဒုရဲအုပ်တစ်ဦးမှ ဒု-တပ်ကြပ် အဆင့် ရှိသူတစ်ဦးကို အရက်မသောက်ရန်ဟန့်တားရာမှ ရန်ဖြစ်ကြခြင်းဖြစ်သည်ဟုသိရသည်။

ထိုအချိန်တွင် စကားများရန်ဖြစ်ကြပြီဒု-တပ်ကြပ်အဆင့် ရှိသူက မကျေနပ်၍ လက်ပစ်ဗုံးနှင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“သူတို့မှာ ကိုယ့်အချင်းချင်းစကားများလို့ဖြစ်ကြတာပါ၊ အသေးစိပ်ကိုတော့ကျွန်တော်လဲသေချာမသိဘူး၊ ကျွန်တော်သိထားတာက အရက်သောက်လို့ဖြစ်တာလို့သိတယ်၊ သူတို့မှာက ဟိုတလကလည်း ၂ယောက်သေသွားသေးတယ်” ဟုမောင်တောဒေသခံတစ်ဦးက ပြောသည်။

ထို လက်ပစ်ဗုံးသည် အနားရှိ Bunker ထဲသို့ကျရောက်ပေါက်ကွဲသွားသောကြောင့် Bunker ထဲ၌ကင်းစောင့်နေသည့် တပ်သား ဆောင်းဦးဝေ ဒဏ်ရာပြင်းပြင်း ထန်ထန်ရသွား၍ မောင်တောဆေးရုံးသို့ ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၆ ရက်နေ့ကလည်း မောင်တောမြို့နယ်မြောက်ပိုင်း ဒုံးညို နယ်ခြားစောင့် စခန်းတွင် မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များ အချင်ချင်းရန်ဖြစ်​ကြ၍ လက်ပစ်ဗုံးဖြင့်ပစ်ရာ ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရသွားကြောင်းသိရသည်။

ဓာတ်ပုံ-ရခိုင်ပြည် မောင်တော နယ်ခြားစောင့်ရဲအဖွဲ့ကိုတွေ့ရစဥ်/VOA

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ