Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် ထွေအုပ်ရုံးစာရေးတစ်ဦးကို မောင်တောရဲတပ်ဖွဲ့မှ ဖမ်းဆီးသွား၊ နေအိမ်များအား စစ်ဆေးမှုများ ပြုလုပ်ခဲ့

ရခိုင်ပြည်၊ မောင်တောမြို့တွင် ယနေ့ နိုဝင်ဘာ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ထွေအုပ်ရုံးစာရေးတစ်ဦးအား မောင်တောမြို့ ရဲတပ်ဖွဲ့မှ ဖမ်းဆီးသွားခဲ့ပြီး မြို့ထဲရှိ လူနေအိမ်များကို ဝင်ရောက်စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု သိရသည်။

မောင်တောခရိုင် ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ကိုကိုလေး ဦးဆောင်သော တပ်ဖွဲ့ဝင်အင်အား ၂၀ ခန့်မှာ ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်တွင် မောင်တောမြို့ အမှတ် ၃ ရပ်ကွက် မြို့ဦးရွာနေ အဖ ဦးအောင်တင့်၏သား ကိုစိုးသီဟအောင် ၃၅ နှစ် မောင်တောခရိုင် ထွေအုပ်ရုံးစာရေးအား ဖမ်းဆီးသွားကြောင်းသိရသည်။

ယနေ့ နံနက် ၇ နာရီအချိန်မှ စတင်ကာ မောင်တောမြို့တွင် ဒုရဲမှူးကြီး ကိုကိုလေး ဦးဆောင်သော မြို့မရဲစခန်းမှ နယ်ထိန်းရဲများ၊ မောင်တော မူးယစ်တပ်စု ၄၆ တို့မှ တပ်ပါင်းအင်အား ၄၀ မှာ နှစ်ဖွဲ့ခွဲ၍ မြို့နေလူအိမ်များကို ဝင်ရောက်စစ်ဆေးမှုများ ရှိခဲ့သည်။

ထို့အပြင် ရဲတပ်ဖွဲ့ဝင်အင်အား ၂၀မှာ မောင်တောမြို့ အမှတ် ၄ ရပ်ကွက် ရွာသစ်ရွာနေ ဦးထွန်းလှချေ ၅၇ နှစ်၏အိမ်သို့ ဝင်ရောက်ကာ ၎င်း၏သား ကိုသားညီ ၃၂ နှစ်အား ရှာဖွေမှုရှိခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်၏ သတင်းပေးပို့ချက်အရ သိရသည်။

ကျောက်ဖြူမြို့တွင်လည်း ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် အစိုးရဝန်ထမ်းများအား စစ်ကောင်စီတပ်မှ ဖမ်းဆီးလျက်ရှိနေသည်။

ဓာတ်ပုံ-RFA

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ