Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် ထွက်ပြေးသွားသည့် ရဲတပ်သားနှင့် လိုက်ဖမ်းသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များအချင်းချင်း ပစ်ခတ်မှုဖြစ်ပွား၊ စစ်သား ၂ဦးသေဆုံး

ABN-ရှိုင်းမိုး

စက်တင်ဘာ ၉ရက်

ရခိုင်ပြည်နယ် ဘူးသီးတောင်-မောင်တော ကားလမ်းမပေါ်ရှိ ၆ မိုင်စစ်ဆေးရေးဂိတ်မှ ရခိုင် ရဲတပ်သား တစ်ဦး လက်နက်နဲ့အတူ ထွက်ပြေးရာ စစ်ကောင်စီမြန်မာတပ်နှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပြီး စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ထိုထွက်ပြေးသွားသော ရဲတပ်သားကို စစ်ကောင်စီတပ်သားများမှ လိုက်၍ဖမ်းဆီးခဲ့သောကြောင့် အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦးသေဆုံးခဲ့သည်ဟု ဒေသခံများပြောကြားလိုက်သည်။

“ည ၈နာရီကျော်အချိန်ထင်တယ်၊ ပစ်သံတော့ကြားလိုက်တယ်၊ ဒါပေမယ့် ဘာကြောင့်လဲတော့မသိဘူး၊ မနက်မိုးလင်းတော့ လူတွေဆီကကြားခဲ့ရတာက ထွက်ပြေးသွားတဲ့ ရဲတပ်သားကို လိုက်ဖမ်းကြတယ်၊ အဲဒီမှာ ပစ်ခတ်မှုဖြစ်ကြလို့ တပ်ဖွဲ့ဝင် ၂ဦးသေဆုံးခဲ့တယ်” ဟုပြောသည်။

မြန်မာစစ်တပ်မှတပ်ဖွဲ့ဝင်များသည် ကင်းလှည့်နေကြသည့်အချိန်တွင် လမ်းမပေါ်တွင် သေဆုံးနေသော အလောင်း ၂လောင်းကိုတွေ့ရှိခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်မှ ထွက်ပြေးသွားသည့်ရဲတပ်ဖွဲ့ဝင်ကို အင်အားအများအပြားသုံး၍ရာဖွေနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်၊ ညအချိန်ကလည်း မောင်တောမြောက်ပိုင်း ငါးခူရကျေးရွာတွင်ရှိသည့် နခခ(၇) လက်အောက်ခံ နယ်မြေ (၅) နယ်ခြားစောင့်ရဲစခန်းမှ စခန်းမှူး အပါအဝင် အရာရှိ ၃ ဦးတို့သည် ထွက်ပြေးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

အလားတူ ပြီးခဲ့သည့် မတ်လ ၆ ရက်ကလည်း မောင်တောမြို့နယ် တောင်ပိုင်း မြင်းလွှတ်နယ်ခြားစောင့် ရဲစခန်းမှ သင်တန်းဆင်းခါစ ရဲဝန်ထမ်း ၄ ဦး လက်နက်များနှင့်အတူ ခဲ့သည်ဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ