သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် စစ်ကျန်ဗုံးသီးပေါက်ကွဲ၍ ၃ နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံး

ABN-ရှိုင်းမိုး

မေလ ၃ရက်နေ့က မောင်တောမြို့နယ် ဝက်ကျိန်းရွာတွင် စစ်ကျန်ဗုံးသီးတစ်လုံးပေါက်ကွဲ၍ အသက် ၃နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့သည်ဟုသိရသည်။

သေဆုံးသွားသည့် ကလေးငယ်မှာ မောင်တောမြို့နယ် ဝက်ကျိန်းရွာမှ ဦးမင်းသောင်းနှင့် ဒေါ် သစ်ဆာ၏သား မောင်ပိုင်ဝေ အသက် ၃ နှစ် ဖြစ်သည်။

သူသည် မေ ၃ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်တွင် အိမ်ရှေ့လှေကားအနီးတွင် ကစားနေစဥ် မြေ၌မြုပ်၍ ကျန်နေခဲ့သော ဗုံးသီးကိုမြင်သောကြောင့် သွားဆွဲမိရာတွင် ပေါက်ကွဲသွားခြင်းဖြစ်ကြောင်း ရွာသား ကိုမောင်မောင်ထွန်းက ABN ကိုပြောသည်။

“ကလေးက အိမ်ရှေ့မှာ ကစားနေတာပါ၊ ဗုံးသီးကလည်းမြေမှာမြုပ်နေတာထင်ပါတယ်၊ အဲဒါကိုကလေးက မြင်ပြီး သူလက်နဲ့သွားဆွဲမိလို့ ပေါက်ကွဲသွားတာထင်ပါတယ်” ဟုပြောသည်။

ထိုကလေးငယ်သည် ဗုံးပေါက်ကွဲသွားသော နေရာ၌ပင် သေဆုံးသွားသည်ဟုသိရသည်။

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သောကာလတွင်း စစ်ကောင်စီတပ်သားများသည် ထိုဝက်ကျိန်းရွာတွင် ခေတ္တဝင်ရောက်နေထိုင်ခဲ့ကြသည်ဟုသိရသည်။

မောင်တောတွင် စစ်ကျန်ဗုံးသီးပေါက်ကွဲ၍ ၃ နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ