Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် စစ်ကောင်စီ၏ ရန်အောင်ပြင်ကင်းစခန်းကို ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်

မောင်တောတွင် စစ်ကောင်စီ၏ ရန်အောင်ပြင်ကင်းစခန်းကို ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်

AB News – ဖေဖော်ဝါရီ ၂၄၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ ရန်အောင်ပြင်ကင်းစခန်းကို ယမန်နေ့ နေ့လယ် ၁၂နာရီ၊ ၁၅မိနစ်အချိန်တွင် အပြီးသတ်သိမ်းပိုက်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်က ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် “လက်နက်ချအညံ့မခံသော စခန်းများထဲမှ တစ်ခုဖြစ်သော မောင်တောမြို့၊ ရန်အောင်ပြင် ကင်းစခန်းအား ဖေဖော်ဝါရီလ ၂၃ရက်၊ နံနက် ၇နာရီ ၃၂မိနစ်တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နေ့လယ် ၁၂နာရီ ၁၅မိနစ်အချိန်တွင်ခဲ့ပြီဖြစ်သည်” ဟု ဖော်ပြခဲ့သည်။

ထို့အပြင် ရန်အောင်ပြင်စခန်း အနီးပတ်ဝန်းကျင်ရှိ စစ်ကောင်စီ၏လက်ကျန်စခန်းများကိုလည်း ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မင်းပြားမြို့တွင် တစ်ခုတည်းကျန်ရှိနေသော စစ်ကောင်စီဖြစ်သည့် အမှတ် ၉ တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို ရက္ခိုင့်တပ်တော်မှ ၆ရက်မြောက် ထိုးစစ်နေ့အဖြစ် ဆက်လက်ထိုးစစ်ဆင်တိုက် ခိုက်နေကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့မှ စစ်ကောင်စီ၏ ခမရ ၅၅၀ တပ်ရင်းကိုလည်း ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရှိရသည်။

ရက္ခိုင့်တပ်တော်အနေဖြင့် သတ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်များကို ဆက်လက်ချေမှုန်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး လက်နက်ချအညံ့မခံသော လက်ကျန်စစ်စခန်းများကို သိမ်းပိုက်ရယူရေးကိစ္စများကို တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း အသိပေး ထုတ်ပြန်ထားသည်။

ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မင်းပြားမြို့များ၌ ရှိသော လက်နက်ချအညံ့မခံသည့် အကြမ်းဖက်စစ်ကောင်စီ၏ စစ်စခန်းများကို ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ