Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် စစ်ကောင်စီက ဖမ်းဆီးထားသည့် ဆယ်တန်းကျောင်းသူ ၁ ဦးနှင့် ဆိုင်ကယ်ကယ်ရီသမား ၁ ဦးတို့မှာ ၂၅ ရက်ကြာသည့်တိုင် မိသားစုနှင့် အဆက်သွယ်မရသေး

ရခိုင်ပြည်၊ မောင်တောမြို့နယ် ကြိမ်းချောင်းဂိတ်တွင် နိုဝင်ဘာလ ၁ ရက်နေ့က ကြိမ်ချောင်းတွင် စစ်ဆေးရေးလုပ်နေသော တပ်မ (၇၇)မှ ဆယ်တန်းကျောင်းသူတစ်ဦးနှင့် ဆိုင်ကယ် ကယ်ရီသမားတစ်ဦးတို့ကို ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရသူများမှာ မင်းပြားမြို့နယ် ပြိုင်းတောရွာမှ ဦးအောင်မြင့်ချေ၏သမီး မအေးမြစန္ဒာ၂၃ နှစ်နှင့် ဆိုင်ကယ်ကယ်ရီသမား မောင်မောင်ကျော်တို့ဖြစ်ကြသည်။

ကယ်ရီသမား မောင်မောင်ကျော်မှာ မအေးမြစန္ဒာအား အငှား ပြန်လိုက်ပို့ရာမှ ကြိမ်ချောင်းစစ်ဆေးရေးဂိတ်တွင် နှစ်ဦးလုံးအား ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မအေးမြစန္ဒာနှင့် ကယ်ရီသမား ၂ ဦးကို ဖမ်းဆီးထားသည်မှာ ရက်ပေါင်း၂၅ ရက်ကျော် ရှိနေပြီဖြစ်ပြီး မိသားစုထံအားတစုံတရာ အကြောင်းကြားခြင်းမရှိဘဲ မိသားစုနှင့်အဆက်အသွယ်ဖြတ်ကာ ပွင့်လင်း မြင်သာမှုမရှိဘဲ ဖမ်းဆီးချုပ်နှောင်ထားသောကြောင့် မိသားစုများ စိုးရိမ်နေကြကြောင်း သားတော်စပ်သော ဦးပညာသာမိ ABN သို့ မိန့်ကြားသည်။

မအေးမြစန္ဒာ မောင်တောတွင် စစ်ကောင်စီမှ ဖမ်းဆီးထား
ဖမ်းဆီးခံ ကျောင်းသူ မအေးမြစန္ဒာ

အဆက်သွယ်မရတာအတော်ကြာသွားပြီ၊ သူ့အမေဆို ထမင်းတောင်ပုံမှန်မစားတာရက်အတော်ရှိနေပြီ၊ သမီးလေးနဲ့ အဆက်သွယ်ရချင်ပါတယ်၊ အပြစ်ရှိလို့ ဖမ်းရတယ်ဆိုရင်လည်းဖမ်းပေါ့၊ ဘာကြောင့်ဖမ်းတယ်၊ဘယ်မှာချုပ်ထားတယ်ဆိုတာကို အသိပေးဖို့လိုအပ်ပါတယ်၊ မိသားစုအားလုံး သူ့သမီး အေးမြစန္ဒာနှင့် အဆက်သွယ်ရချင်နေကြတယ်။ တစ်ခုခု ဖြစ်သွားမှာကိုလည်း စိုးရိမ်နေကြတယ် ” ဟု ဆရာတော်မှ မိန့်သည်။

မအေးမြစန္ဒာ မှာ ဆယ်တန်း ၂ နှစ်ကျတစ်ယောက်ဖြစ်ပြီး ယခုနှစ်တွင်လည်း ဆယ်တန်းဖြေရန် ကျောင်းတက်နေသူတစ်ဦးဖြစ်သည်။

၎င်းမှာ သီတင်းကျွတ်လပြည့်နေ့မတိုင်မီကတည်းက မောင်တောမြို့တွင်ရှိသော ဆွေမျိုးအိမ်သို့ အလည်သွားပြီး ပြန်အလာတွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ရခိုင်ပြည်အနှံ့တွင် စစ်ကောင်စီတပ်မှ အပြစ်မဲ့ ပြည်သူများကို ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးပြီး တရားစွဲ ထောင်ချမှုများကို ပြုလုပ်လျက်ရှိနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ