Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် စစ်​ကောင်စီ၏ ကျီးကန်းပြင်ဌာနချုပ် ၊နခခ ( ၂) လှဖိုးခေါင် နခခ( ၁၀) စခန်းကို AA သိမ်းပိုက်

( စစ်ကောင်စီတပ်သား ၁၂၀၀ ခန့် လက်နက်များဖြင့် စခန်းစွန့်ခွာထွက်ပြေး)

ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်ရှိ စစ်ကောင်စီ တပ်သားအင်အားများပြားသည့် ကျီးကန်းပြင်ဌာနချုပ်အပါအဝင် နခခ ( ၂) လှဖိုးခေါင် နခခ ( ၁၀) စခန်းတို့ကို အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်သား ၁၂၀၀ ခန့်ထွက်ပြေးသွားခဲ့ကြောင်း AB News ကထောက်လှမ်းသိရသည်။

အကြမ်းဖက် စစ်ကောင်စီ၏ ရက္ခိုင် – ဘင်္ဂလားနယ်စပ် လမ်းမပေါ်တွင် အခြေချထားသည့် စခန်း ၃ခုကို ယနေ့မေလ ၃ ရက်နှင့် ယမန်နေ့မေလ ၂ ရက်နေ့တွင် အာရက္ခတပ်တော်က အပြီးသိမ်းပိုက်နိုင်ခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

” နခခ( ၂) ကိုဒီနေ့ ၁၀ နာရီက သိမ်းပိုက်လိုက်တာပါ။ အင်အား ၄၀၀ လောက်ထွက်ပြေးသွားတယ်။ကျီးကန်းပြင်ဌာနချုပ်ကိုတော့ မနေ့ညက ၃ နာရီမှာသိမ်းပိုက်လိုက်ပါတယ်။ ။ AA ကဝင်တိုက်မယ်လုပ်တော့ ညက ၁ နာရီလောက်မှာ အသုတ်လိုက်ထွက်ပြေးကြတယ်။ ဌာနချုပ်က ၅၀၀ လောက်ထွက်ပြေးသွားကြတယ် “ဟုဆိုသည်။

အလားတူ လှဖိုးခေါင် နခခ ( ၁၀) စခန်းကို အာရက္ခတက်တော်က ယမန်နေ့က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ၎င်းစခန်းမှ စစ်ကောင်စီတပ်သား ၃၀၀ ခန့် ထွက်ပြေးသွားခဲ့ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

ကျီးကန်းပြင်ဌာနချုပ်၊ လှဖိုးခေါင် နခခ ( ၁၀) နှင့် နခခ ( ၂) စခန်းတို့မှ အင်အား ၁၂၀၀ ခန့် သည် ကညင်ချောင်းစီးပွားရေးဇုန်ဖက်သို့ လက်နက်များဖြင့်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများထဲတွင် မူဆလင်စစ်သားအများအပြားပါဝင်ကြောင်းသိရသည်။

အကြမ်းဖက် စစ်ကောင်စီ၏ ဟတ်စကီးသည် ယနေ့ မေလ ၃ ရက်နေ့ နံနက် ၁၀ နာရီကျော်တွင် လဖိုးခေါင်သို့လာရောက်ပြီး အရာရှိအချို့ကို ခေါ်ယူသွားခဲ့ကြောင်း သိရသည်။

၎င်းထဲမှ စစ်ကောင်စီတပ်သား ၅ဝ ကျော် ခန့်သည် အာရက္ခတပ်တော်ထံအလင်းဝင်ရောက်မှုများရှိကြောင်း သိရသည်။

လက်ရှိတွင်လည်း ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ သံတွဲမြို့နယ်ရှိ စစ်ကောင်စီ၏ ဗျူဟာကုန်း၊ စခန်းကုန်းများကို အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

ပြီးခဲ့သည့်ဧပြီလ ၃၀ ရက်နေ့တွင် မောင်တော-ဘူးသီးတောင် တောင်ကျော်လမ်းတွင်ရှိသည့် စစ်ကောင်စီ၏ မိုက်ခရိုတောင်စခန်းကို အာရက္ခတပ်တော်က အပြီးသတ်သိမ်းလိုက်နိုင်ခဲ့ကြောင်းတွေ့ရသည်။

မောင်တောမြို့နယ်အတွင်း ကျန်ရှိနေသည့် စခန်းများမှာ မောရဝတီဗျူဟာ၊ အင်းဒင်စခန်း၊ မြင်းလွှတ်နယ်ခြားစောင့်စခန်း ၊ ဥဒေါင်းနယ်ခြားစောင့်စခန်း၊ အလယ်သံကျော်စခန်း ၊ ပန်းဒိုးပြင်စခန်း၊ မကျည်းချောင်းစခန်း၊ မြို့သူကြီး နခခ(၅)၊ လှဖိုးခေါင်စခန်း၊ ပေါင်းဇားစခန်း၊ လပေါ်ဇားအနီးကြားစခန်းတို့ဖြစ်ကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ