Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် ကျောင်းထိုင်ဆရာတော် တပါးကို စစ်ကောင်စီတပ်မှ ဖမ်းဆီး

ရခိုင်ပြည် မောင်တောမြို့နယ်မှ ရွက်ညိုတောင် ကျောင်းထိုင်ဆရာတော်ကို စစ်ကောင်စီတပ်မှ နိုဝင်ဘာလ ၄ ရက်နေ့က ဖမ်းဆီးသွားကြောင်းသတင်းရရှိသည်။

ဆရာတော်သည် နိုဝင်ဘာလ ၄ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်အချိန်တွင် မောင်တောမြို့ ၊ မြို့မအနောက်ရပ်ကွက်ရှိ မြို့မဘုန်းကြီးကျောင်းတွင် ပဋ္ဌာန်းပွဲနောက်ဆုံး ညပဋ္ဌာန်းရွတ်ပြီး အိပ်ခန်းထဲသို့ ပြန်ကြွနေစဥ် စစ်ကောင်စီတပ်ဖွဲ့ဝင် စရဖ ၇ ဦးက ဝင်ရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

ဖမ်းဆီးခံရသည် ဆရာတော်မှာ မောင်တောမြို့ မြောက်ပိုင်းရှိ မောင်တောမြို့နှင့် ၁၆ မိုင်ခန့်ကွာဝေးသည့် ရွက်ညိုတောင်ရွာတွင် ကျောင်းထိုင်နေသော ဆရာတော် ဦးပညာသိရီ သက်တော် ၃၅ နှစ်ဖြစ်ကြောင်း မောင်တောမြို့မှ ဆရာတော်တစ်ပါးကမိန့်သည်။

ရဟန်းသံဃာတပါးကို ဖမ်းမည်ဆိုလည်း သက်ဆိုင်ရာ မြို့နယ် သံဃာ့နာယက အဖွဲ့ကို ဦးစွာ တိုင်ကြားပြီးမှ ထိုသံဃာ့နာယက ဆရာတော်များ၏ ခွင့်ပြုချက်ရမှ ထိန်းသိမ်းစစ်ဆေးမှုကို ပြုလုပ်နိုင်ကြောင်း အမည်မဖော်လိုသည့် ဆရာတော်ကြီးတပါးက ထောက်ပြပြောဆိုသည်။

“ရဟန်းတွေနဲ့ဆိုင်တဲ့ ကိစ္စဆိုရင် အရင်ဆုံး သက်ဆိုင်ရာ သံဃာ့နာယကကို တိုင်ကြားရမယ်။ ခုဟာက ဘာမှလည်း မပြော မဆိုနဲ့ လုပ်ချင်သလို လုပ်နေကြတာက မဟုတ်သေးဘူး။ နည်းမကျဘူး” ဟုဆရာတော်တပါးက မိန့်ကြားသည်။

ဆရာတော်ကို စစ်ဆေးရန်ရှိသည်ဟုဆိုကာ ခေါ်သွားကြသော်လည်း ယခု သတင်းရေးနေသည့် ည ၆ နာရီ ၅၅ အချိန်ထိ ဆရာတော်သည် မည်သည့်နေရာတွင်ရှိသည်ကိုမူ မသိရသေးကြောင်း ဆရာတော်တပါးပြောသည်။

မောင်တောတွင် ကျောင်းထိုင်ဆရာတော် တပါးကို စစ်ကောင်စီတပ်မှ ဖမ်းဆီး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ