Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင်စစ်ကောင်စီကပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ဧည့်စာရင်းစတင်ကောက်နေ

ABN-ရှိုင်မိုး

ရခိုင်ပြည် မောင်တောတွင် စစ်ကောင်စီကပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ဧည့်စာရင်းစတင်ကောက်ခံနေကြောင်းသိရသည်။

ဇန်နဝါရီလ ၆ ရက်နေ့ မနက် ၁၀နာရီအချိန်မှစ၍ မောင်တောမြို့၌ရှိသော ရပ်ကွက်များအားလုံးတွင် တစ်အိမ်ဝင် တစ်အိမ်ထွက် ဧည့်စာရင်းကောက်ခံနေကြောင်းသိရသည်။

ထိုဧည့်စာရင်းကောက်ခံရာတွင် မြို့နယ်အုပ်ချူပ်ရေးမှူး၊ ရပ်ကွက်အုပ်ချူပ်ရေးမှူး၊ စည်ပင်ဥက္ကဌ၊ စာရေး၊ ရဲဝန်ထမ်းများနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ပါဝင်ကြောင်း သိရသည်။

“လူ ၃၀ ကျော်လောက်ပါတယ်၊ အထက်အရာရှိတွေလည်းပါတယ်၊ စာရေးတွေလည်းပါတယ်၊ ရဲဝန်ထမ်းတွေလည်းပါတယ်၊ စစ်ကောင်စီတပ်သားတွေလည်းပါတယ်၊ ရပ်ကွက်ထဲက အုပ်ချူပ်ရေးမှူးတွေလည်းပါတယ်၊ သူတို့က ရေးကောက်ပွဲအတွက် ဧည့်စာရင်းကောက်ခံကြတာလို့ပြောပါတယ်” ဟု မောင်တောမြို့ခံ တစ်ဦးဖြစ်သည့် ဦးမင်းနိုင်က ပြောသည်။

ထိုသို့ ဧည့်စာရင်းကောက်ခံနေသည့်အချိန်တွင် အရပ်ဝတ်များဝတ်ထားသည့် စစ်ကောင်စီတပ်သားများသည် လက်နက်ခဲယမ်းအပြည့်ကိုင်ဆောင်ကာ ရပ်ကွက် ၁ ခုစီတွင် စစ်ကောင်စီ ၈ ယောက်ခန့် ရပ်ကွက်တိုင်းတွင် နေရာယူထားကြောင်းသိရသည်။

“သူတို့ ရေးကောက်ပွဲအတွက် ဧည့်စာရင်းကောက်နေချိန်ပါ၊ ရပ်ကွက်ထဲတိုင်းမှာ သူတို့လူတွေက သေနတ်တွေနဲ့သွားနေကြပါတယ်၊ ယူနီဖောင်းနဲ့တော့မဟုတ်ပါဘူး၊ အရပ်ဝတ်တွေနဲ့ပါ၊ သူတို့ကြည့်ရတာ လုံခြုံရေးယူနေကြတဲ့ပုံပါပဲ” ဟု ၎င်းကဆက်ပြောသည်။

ယခုနှစ်တွင် စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ရခိုင်တွင် မနက်ဖြန် ဇန်နဝါရီလ ၉ ရက်နေ့မှ စတင်ကာ ဧည့်စာရင်းကောက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဦးလှသိန်းက အသိပေးပြောထားသည်။

ယမန်နေ့ နံနက် ၆နာရီကျော်အချိန်တွင်လည်း မောင်တောမြို့ ဦးကျော် ဟိုတည်ရှေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် AA တပ်ဖွဲ့ဝင်တို့ သေနတ်ချင်းရွယ်ရည်ပြီး ပစ်ခတ်လုနီးပါးဖြစ်ပွားခဲ့ကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ