ABN-ရာဟု
မောင်တောခရိုင်တွင် တာဝန်ထမ်းဆောင်နေကြသည့် ပညာရေးဝန်ထမ်းများကို နေပြည်တော်မှ အမိန့်ထုတ်ပြန်စာ ရောက်ရှိလာသဖြင့် လစာငွေများကို ယနေ့ ဖေဖော်ဝါရီလ ၃ရက်နေ့တွင် ထုတ်ပေးနေကြောင်း မောင်တောခရိုင်ပညာရေးမှူးက ပြောသည်။
မောင်တောခရိုင်ပညာရေးမှူးရုံးသို့ နေပြည်တော်က လစာ ၃လတစ်ကြိမ် သက်တမ်းတိုးသည့် အမိန့်စာကို ဖေဖော်ဝါရီလ၂ရက်နေ့က လက်ခံရရှိပြီး ယနေ့ဖေဖော်ဝါရီလ၃ ရက်နေ့တွင် လာစာထုတ်ပေးနေပြီဟု ပြောသည်။
“မနေ့က ရောက်တာပါ အမိန့်ထုတ်ပြန်ချက်က၊ ဒီနေ့ပညာရေးဝန်ထမ်းတွေကို လခတွေထုတ်ပေးနေတယ်” ဟု ခရိုင်ပညာရေးမှူးကပြောဆိုသည်။
မောင်တောခရိုင်သည် လမ်းပန်းဆက်သွယ်ရေးခက်ခဲ့ပြီး ဝေးလံခေါင်းပါးသဖြင့် တာဝန်ထမ်းဆောင်နေသည့် ဌာနဆိုင်ရာ ဝန်ထမ်းအားလုံးကို ၂၀၁၂ခုနှစ်က စတင်ကာ လစာငွေနှစ်ဆ ခံစားခွင့်ပြုခဲ့ခြင်းဖြစ်သည်။
![မောင်တောခရိုင်မှ ပညာရေးဝန်ထမ်းများ နေပြည်တော်မှအမိန့်စာရောက်ရှိသဖြင့် လစာငွေ ၂ ဆ ပုံမှန်ရရှိပြီ](https://i0.wp.com/arakanbaynews.com/wp-content/uploads/2023/02/image-15.png?resize=650%2C950&ssl=1)