Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မုန်တိုင်း အညိုရောင်အဆင့်သို့ပြောင်းလဲ၊ စစ်တွေမြို့နှင့် မိုင် ၁၀၀ နီးကပ်၊ ၁၂ ရီခွဲတွင်မုန်တိုင်း ဖြတ်မည်

ABN-ကိုဟိန်းထွန်း

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင်ဖြစ်ပေါ်လျက်ရှိသော ( Extremely Severe Cyclonic Storm) အလွန့်အလွန်အားကောင်းသော မိုခါမုန်တိုင်းသည် အနီရောင်အဆင့်မှ -အညိုရောင်အဖြစ်သို့ ရောက်ရှိခဲ့ပြီးဖြစ်၍ စစ်တွေမြို့နှင့် ရေမိုင် (၁၀၀)ခန့်ထိနီးကပ်လာပြီး ယနေ့မွန်းလွဲ ၁၂ ရီကျော်အချိန်တွင် ဝင်ရောက်ဖြတ်ကျော်သွားနိုင်ကြောင်းသိရသည်။

ယနေ့ နံနက် ၉ နာရီခွဲအချိန်တွင် မိုးလေဝသတိုင်းတာချက်အရ မိုခါဆိုင်ကလုန်းမုန်တိုင်းသည် စစ်တွေမြို့၏တောင် -အနောက်တောင်ဘက် ရေမိုင် ၁၀၀ မိုင်ခန့်၊ ကျောက်ဖြူမြို့၏အနောက်-အနောက်

တောင်ဘက် ရေမိုင် (၁၁၅) မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏အနောက်

ဘက် ရေမိုင် (၂၄၀) မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်( ၁၅၀ )မိုင်ခန့် ကိုဗဟိုပြုနေကြောင်း မိုးဇလထုတ်ပြန်အရတွေ့ရသည်။

အနီရောင်အဆင့်သတ်မှတ်ထားသည့် အဆင့်မှ အညိုရောင်အဖြစ်ကို ပြောင်းလဲသွားခဲ့ပြီဖြစ်၍ အန္တရာယ်အရှိဆုံး မိုခါမုန်တိုင်းအဖြစ် စစ်တွေမြို့သို့ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း သိရသည်။

အနီရောင်အဆင့်သတ်မှတ်ထားသည့် စစ်တွေ၊ ကျောက်ဖြူ၊ မောင်တော၊ ရသေ့တောင်၊ မြေပုံ၊ ပေါက်တော၊ မာန်အောင်တို့မှ ပြည်သူများကို ဘေးကင်းလုံခြုံရာသို့ပြောင်းရွေ့ရန် မေလ ၁၂ ရက်နေ့ကထုတ်ပြန်ထားသည်ကိုတွေ့ရသည်။

နောက် ၂၄ နာရီအတွင်း ရခိုင်ကမ်းရိုးတန်းနှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁ နာရီလျှင် မိုင် ( ၁၁၀) မှ မိုင်( ၁၂၀) အထိတိုက်ခတ်နိုင်ပြီး ရေ ၁၆ ပေမှ ၂၀ ခန့်ထိ တက်နိုင်ကြောင်းမိုးဇလထုတ်ပြန်ချက်တွင်ပါရှိသည်။

ဓာတ်ပုံ-စစ်တွေမြို့ထဲတွင် သစ်ပန်များ စတင်ပြိုလဲပုံများ-ဦးဝေဟင်အောင်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ