Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မုန်တိုင်းသင့် ဒေသများရှိ ကျေးရွာများတွင် လျပ်စစ်မီး ပြတ်တောက်၍ မီးစက်ငယ်များဖြင့် ဖုန်းဘတ္ထရီအားဖြည့်နေကြရ

ABN-မေ ၁၉ ရက်

ရခိုင်တွင် မုန်တိုင်းကြောင့် လျပ်စစ် မီးတိုင်များ ပြိုလဲကာ ဝါယာကြိုးများ ပြတ်တောက်ခဲ့ပြီး လျပ်စစ်မီး ပြတ်တောက်နေလျက်ရှိနေသည်။

လျပ်စစ်ပြတ်တောက်သွားသည့် မုန်တိုင်းသင့် ဒေသများ၊ ကျေးရွာများတွင် ဖုန်းဘတ္ထရီအားသွင်းရန်အတွက် မီးစက် ငယ်များဖြင့် အားသွင်းနေကြရပြီး ဖုန်းတစ်လုံးအားသွင်းခ ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ်အထိ ပေးသွင်းနေကြရကြောင်း ပုဏ္ဏားကျွန်းနယ်မှ ဦးကျော်သာက ABN ကိုပြောသည်။

“ကျနော်တို့ရွာမှာ ဖုန်းဘတ္ထရီဖြည့်ရင် ၁၀၀၀ ပေးရတယ်။ ဖုန်းလိုင်းကတော့ သေချာမရသေးဘူး။ ရွာပြင်ထွက်ပြီး ဖုန်းပြောလို့ရနေပါတယ်။ ဖုန်းအားဖြည့်ထားရင် မီးထွန်းလို့လည်း အဆင်ပြေပါတယ်” ဟုပြောသည်။

ရခိုင်တွင် မုန်တိုင်းကြောင့် လျပ်စစ်မီးတိုင်များနှင့် ထရန်စဖော်မာများ ၆၀ ရာခိုင်နှုန်းခန့် ပြိုလဲ ပျက်စီး သွားသည်ကိုတွေ့ရသည်။

ထို့အပြင် လျပ်စစ်မီး ပြတ်တောက်သွားခြင်းကြောင့် သောက်သုံးရေ အခက်အခဲများဖြင့်ပါ ကြုံတွေ့နေကြရသည်။

ဓာတ်ပုံ-ABN

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ