မေလ ၁၄ ရက်နေ့တွင် တိုက်ခတ်သွားသည့် မိုခါ မုန်တိုင်းကြောင့် ပြည်သူများ ဒုက္ခအကြီးအကျယ် ရောက်ကြသည့်အတွက် များစွာ စိတ်မကောင်း ဖြစ်ရကြောင်း၊
ပျက်စီးသွားသည့် အဆောက်အဦးများကို ပြန်လည် ပြုပြင်နိုင်ရန်နှင့် လိုအပ်သည့် အကူအညီများ ပေးအပ် လှူဒါန်းနိုင်ရန် ကမ္ဘာ့အိမ်နီးချင်းနိုင်ငံကြီးများ၊ နိုင်ငံတကာ အဖွဲ့အစည်းများကို အာရက္ခပြည်သူများကိုယ်စား အထူး မေတ္တာရပ်ခံ တောင်းဆိုကြောင်း၊
အာရက္ခပြည်သူ့အစိုးရ၊ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် အနေဖြင့်လည်း ဤအခက်အခဲများကို တခြားသော အသင်းအဖွဲ့၊ ပြည်သူလူထုများနှင့် လက်တွဲ၍ အကောင်းဆုံး ဖြေရှင်း ဆောင်ရွက်သွားနိုင်မည်ကို ယုံကြည်
ကြောင်း မေလ ၁၇ ရက်နေ့တွင် ညီနောင်မဟာမိတ်များက သဘောထားထုတ်ပြန်ခဲ့ပါသည်။