Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မုန်တိုင်းဒဏ်သင့် ပြည်သူများသို့ ထိရောက်စွာ ကူညီကယ်ဆယ်ရေးပေးနိုင်ရန် ပရဟိတအဖွဲ့များအား ကူညီအကြံပေးလျက်ရှိကြောင်း ULA ၏ အရေးပေါ်ကူညီထောက်ပံ့ရေး နှင့် ပြန်လည်နေရာချထားရေးစင်တာတာဝန်ရှိသူပြော

ABN-ရှိုင်းမိုး

ဇွန် ၂ရက်

ရခိုင်ပြည်မှ မုန်တိုင်းဒဏ်ပြည်သူများသို့ ထိရောက်စွာ ကူညီကယ်ဆယ်ရေးပေးနိုင်ရန် ပရဟိတအဖွဲ့များအား ကူညီအကြံပေးဆောင်ရွက် လျက်ရှိကြောင်း ULA ၏ အရေးပေါ်ကူညီထောက်ပံ့ရေး နှင့် ပြန်လည်နေရာချထားရေးစင်တာ တာဝန်ရှိသူက ပြောသည်။

မေလ ၁၀ရက်နေ့က တိုက်ခိုက်သွားသော ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်တွင် အိုးမဲ့၊ အိမ်မဲ့ ​ဖြစ်ပလျက်ရှိသော ဒေသများသို့ ULA/ AAတပ်ဖွဲ့ဝင်များအပါဝင် တခြားပရဟိတအဖွဲ့စည်းများမှ ကူညီဆောက်ရွက်ပေးနေကြသည်ကိုတွေ့ရသည်။

“ကျနော်တို့ စင်တာတွေက အလှူငွေလည်းလက်ခံပါတယ်၊ စင်တာကနေသွားပြီးလည်းလှူပါတယ်၊ ကျနော်တို့ စင်တာကိုတိုက်ရိုက်လှူလို့ရသလို ကိုယ်တိုင် ဒုက္ခရောက်နေကြတဲ့နေရာကို သွားလှူချင်ရင်လည်း လမ်းကြောင်းတွေပြောပြပေးပါတယ်၊ သူတို့သွားရမှာ အဆင်မပြေရင် ကျွန်တော်အဖွဲ့စည်းကစနစ်တကျလိုက်ပို့ပေးပါတယ်” ဟု စင်တာတာဝန်ရှိသူကပြောသည်။

ပုဏ္ဏားကျွန်းရှိ ULAစင်တာမှ တောဖျားချောင်းဒေသမှ အမိုးအကာမရှိသည့်ရွာ ၄၁ရွာကို အမိုးအကာရရှိအောင်ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

“ကျနော်တို့ စင်တာက လူသူအရောက်နည်းတဲ့နေရာတွေကိုအဓိကဦးစားပေးပြီး သွားပါတယ်၊ ပုဏ္ဏားကျွန်း တောဖျားချောင်းဒေသဆိုရင် အလှူရှင်တွေလည်းမရောက်ပါဘူး၊ အဲဒီဖက်က ရွာတွေလည်းအကုန်းလုံးပျက်စီးသွားတယ်၊ ဒါကြောင့် ကျနော်တို့ စင်တာက အဲဒီဒေသက ရွာ ၄၁ရွာကို အမိုးအကာရရှိအောင်လုပ်ပေးထားပါတယ်” ဟုပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် ULAမှ စင်တာ ၂ ခုဖွင့်လှစ်ထားပြီး ထိုစင်တာများကို မည်သူမဆို ကိုယ်တိုင်လာပြီးလှူကြသလို၊ တခြားအလှမ်းဝေးသည့် နိုင်ငံခြားက ဖုန်းဖြင့်လှူပေးခြင်းလည်း ရှိကြောင်းသိရသည်။

ရခိုင်တွင် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခိုက်သွားပြီးနောက်ပိုင်းတွင် AAတပ်ဖွဲ့ဝင်များသည် မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်စသည့်နေရာဒေသများတွင် ပျက်စီးသွားသောရေကန်များ၊ အမိုးအကာမရှိသောအိမ်များ၊ သစ်ပင်များ၊ လမ်းများကို ကူညီလုပ်ဆောင်ပေးနေကြသည်ကိုတွေ့ရသည်။

ULA/AA က မုန်တိုင်းဒဏ်သင့် ပြည်သူများကို လုံခြုံသည့်အမိုးအကာအောက်ရောက်ရှိရေး ဦးစားပေးအနေဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး တစ်ချိန်တည်းတွင် ဆားငန်ရေဝင်သွားသည့် သောက်သုံးရေကန်များအား ပြန်လည်ပြုပြင်ခြင်း၊ ပိုးသတ်ပေးခြင်း၊ လမ်းရှင်းလင်းခြင်း၊ စားနပ်ရိက္ခာများထောက်ပံ့ခြင်း၊ ဆေးဝါးကုသပေးခြင်းနှင့် မုန်တိုင်းဒဏ်သင့်ပြည်သူများအား စိတ်ခွန်အား မြှင့်တင်ပေးခြင်းမလုပ်များကို လုပ်ကိုင်နေသည်ကိုတွေ့ရသည်။

ရခိုင်တွင် မုန်တိုင်းဒဏ်သင့် မြို့နယ်တိုင်း၌ ရက္ခိုင့်တပ်တော်၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်မှ အရေးပေါ်ကူညီထောက်ပံ့ရေးနှင့်ပြန်လည်နေရာချထားပေးရေး စင်တာများ ချထားထားပြီး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးများကို ပြုလုပ်လျက်ရှိသည်ကိုတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ