Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မုန်တိုင်းကြောင့် ရွာသား ၂၃ ဦးထိ သေသွားခဲ့သည့်ရသေ့တောင်မြို့နယ် ညောင်ပင်ကြီးရွာကို ULA/AA က စားနပ်ရိက္ခာ များ ထောက်ပံ့

ABN – မေလ ၂၃၊ ၂၀၂၃

လွန်ခဲသည့် မေလ ၁၄ ရက်နေ့ တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် ရခိုင်တပြည်လုံးအနှံ့ နေစရာများ ပျက်စီးကာ ဒုက္ခရောက်ခဲ့ကြသည်။

မုန်တိုင်းနှင့်တူ ရေကြီးခြင်းကြောင့် လူများသေဆုံးရခြင်း၊ ကျွဲနွား၊ အိမ်မွေးတိရစ္ဆာန်များ သေဆုံးခြင်း ၊ သောက်ရေကန်များအတွင်းသို့ ဆားငန်ရေဝင်ရောက်ခြင်း၊ လမ်းတံတားများပျက်စီခြင်း၊ လျှပ်စစ်နှင့် ဆက်သွယ်ရေးများ ပြတ်တောက်ကာ အကြီးအကျယ် ဒုက္ခရောက်နေကြသည်။

မုန်တိုင်းတိုက်ခတ်သည့် နေ့က ရသေ့တောင် မြို့နယ်၊ ညောင်ပင်ကြီး မူဆလင် ကျေးရွာတွင် ရွာသူရွာသား ၂၃ ဦး ရေမြုပ်သေဆုံဲးခဲ့သည်။

ညောင်ပင်ကြီး မူဆလင် ကျေးရွာတွင် အိမ်ခြေ ၄၀၀ ကျော်ရှိပြီး လူဦးရေ ၃၀၀၀ အထိရှိသည်။

မေလ ၂၃ ရက်နေ့တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ၏ ကူညီကယ်ဆယ်ရေးအဖွဲ့များက ညောင်ပင်လယ် ကျေးရွာသို့ သွားရောက်ကာ စားနပ်ရိက္ခာများ ထောက်ပံ့ခဲ့ကြသည်။

အရေးပေါ် အမိုးအကာ၊ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် လောင်စာဆီ တို့ကို လိုအပ်လျက်ရှိပြီး ပုဂ္ဂလိက၊ ဒေသတွင်း၊ နှင့် နိုင်ငံတကာ အဖွဲ့အစည်းတို့၏ အကူအညီကို ရယူကာ အာရက္ခ အရေးပေါ် ကူညီကယ်ဆယ်ရေး အဖွဲ့များဖွဲ့စည်းကာ ကူညီကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်နေကြသည်။

မကြာမီကာလအတွင်း မိုးရာသီကျရောက်မည် ဖြစ်သောကြောင့် နေစရာများကို အလျင်အမြန်ပြင်ဆင်ရန် အရေးတကြီး လိုအပ်နေသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ၊ အာရက္ခပြည်သူ့အစိုး၏ ရှိသမျှ အရင်းအမြစ်များဖြင့် တည်ဆောက်ရေးလုပ်ငန်းများကို အရေးတကြီး ဦးစားပေး လုပ်ဆောင်နေပြီး ရက္ခိုင်ပြည်

ရှိ လူငယ်ပရဟိတသမားများကို ပူးပေါင်းပါဝင်ကြဖို့ ဖတ်ခေါ်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ