Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မုန်တိုင်းကြောင့် ရေ ၇ ပေခန့်ဖုံးလွှမ်းခဲ့သည့် မောင်တောမြို့နယ် ကျောက်ပန္ဒူရွာတွင် အိမ်များပြုပြင်ရန်အကူအညီလိုအပ်

ABN-ကိုဟိန်းထွန်း

ဇွန် ၄ ရက်

ရခိုင်ပြည်၊ မောင်တောမြို့နယ် ကျောက်ပန္ဒူ ကျေးရွာတွင် မိုခါမုန်တိုင်းကြောင့် အိမ်များနှင့် ကျောင်းဆောင်များပျက်စီးခဲ့ပြီး ပြန်လည်ပြုပြင်ရန်အတွက် အရေးပေါ်အကူအညီလိုအပ်နေသည်ကို ABN မှ ကွင်းဆင်းလေ့လာတွေ့ရှိခဲ့ရသည်။

၎င်းရွာသည် ဘင်္ဂလားပင်လယ်အော်ကမ်းခြေအနီးတွင်တည်ရှိပြီး မုန်တိုင်းပြင်းထန်စွာဝင်ရောက်ခဲ့သည့်အတွက် ရေအမြင့်ပေ ၇ပေ ခန့်လွမ်းမိုးသွားခဲ့ကာ နေအိမ်များပြိုပျက်စီးသွား၍ အကူညီလိုအပ်နေကြောင်း ဒေသခံ ၁ ဦးက ABN သို့ပြောသည်။

“ကျနော်တို့ရွာကပင်လယ်နဲ့နီးပါတယ်၊ မုန်တိုင်းပြင်းအားက တအားများပါတယ်၊ ရေကလည်းအများကြီးလာတယ်၊ အိမ်အများစုက နစ်မြုပ်သွားတယ်၊ ပြန်လည်ပြုပြင်ဖို့အတွက်အကူအညီတွေလိုအပ်နေတယ်”ဟု ဆိုသည်။

ကျောက်ပန္ဒူရွာတွင် အိမ်ထောင်စုအရေအတွက် ၁၈၀ ခန့်ရှိပြီး၊ လူဦးရေအရေအတွက်မှာ ၇ဝဝ ကျော်ရှိကြောင်းသိရသည်။

မုန်တိုင်းဝင်ရောက်စဥ်အတွင်းက ရွာသားများသည် နီးစပ်ရာ တောင်ကြားများသို့ပြေး၍ခိုလှုံလျက်ရှိခဲ့ကြောင်း၊ တစ်ချို့မိသားစုများမှာ သစ်ပင်ကြီးများအောက်တွင်ယာယီတဲမိုးကာဖြင့် မုန်တိုင်းဒဏ်ကိုရှောင်ရန် ခက်ခဲစွာရင်ဆိုင်ခဲ့ရကြောင်း ၎င်းမှဆက်၍ပြောသည်။

“မုန်တိုင်းလာတဲ့အခါ လူတွေကနီးစပ်တဲ့တောင်ကြားတွေဆီကိုပြေးကြပါတယ်၊ အချို့မိသားစုတွေဆိုရင် သစ်ပင်ကြီးတွေအောက်မှာ တဲထိုးပြီးနေရတယ်၊ လေကအရမ်းပြင်းတဲ့အတွက် သစ်ကိုင်းတွေကျိုးကျနဲ့ ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရပါတယ်” ဟု ဆိုသည်။

လက်ရှိအချိန်မှာ အိမ်များကိုပြန်လည်ပြုပြင်ဖို့အတွက် ငွေကြေးမလုံလောက်မှုကြောင့် ကိုယ်ထူကိုယ်ထလုပ်နေသော အိမ်များကိုပင်ရပ်တန့်ထားရကြောင်း ABN မှ မျက်မြင်တွေ့ခဲ့ရသည်။

ထိုရွာတွင် တံငါလုပ်ငန်းနှင့် ကျွဲ၊ နွား မွေးမြူသည့်လုပ်ငန်းများကိုအဓိကအသက်မွေးဝမ်းကြောင်းအဖြစ် လုပ်ကိုင်ကြပြီး လယ်ယာမြေများကိုအနည်းငယ်သာ စိုက်ပျိုးကြကြောင်း သိရသည်။

ရသေ့တောင်မြို့မှ ကျောက်ပန္ဒူရွာသို့ ကုန်တတန်၊ ရေတတန်ဖြင့်သွားရပြီး ၃နာရီနီးပါးခန့်ကြာသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ