Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မုန်တိုင်းကြောင့် မာန်အောင်မြို့နယ်မှ

ဒေသခံ ၇၀၀ ကျော်ဘေးလွတ်ရာသို့ပြောင်းရွှေ့နေကြရ

ABN-ရှိုင်းမိုး

မုန်တိုင်းကြောင့် မာန်အောင်မြို့နယ်ရှိ ကုန်နိမ့်ရာ ရပ်ရွာ ၆ရွာမှ ဒေသခံ ၇၀၀ ကျော် ဘေးလွတ်ရာသို့ပြောင်းရွှေ့နေထိုင်နေကြရသည်။

ယမန်နေ့ မေလ ၁၂ရက်နေ့နှင့် ယနေ့ မေလ ၁၃ရက်နေ့ တွင် မန်အောင်မြို့နယ်ရှိ ရွာ ၆ရွာမှ ပြည်သူ ၇၀ဝ ကျော်သည် မာန်အောင်မြို့နယ် ငပုန်ကုန်းရွာသို့ ပြောင်းရွှေ့လာကြသည်။

ထို လေဘေးဒုက္ခသည်များသည် ငပုန်ကုန်းရွာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများတွင် နေထိုင်ကြသည်ဟုသိရသည်။ ဆွေမျိုးရှိသူများမှာလည်း ၎င်းတို့၏ဆွေမျိုးအိမ်တွင် တည်းခိုနေထိုင်ကြသည်ဟု ကိုခန့်ဝေလင်းကပြောသည်။

” မနေ့က တစ်ရက်၊ ဒီနေ့ တစ်ရက်ရောက်လာကြတာပါ၊ ဘုန်းကြီးကျောင်းမှာ နေတဲ့သူတွေနေတယ်၊ စာသင်ကျောင်းမှာနေတဲ့သူတွေနေတယ်၊ ဆွေမျိုးရှိတဲ့သူတွေမှာတော့ ဆွေမျိုးအိမ်မှာနေကြတယ်၊ သူတို့ကိုယ့်ဟာကိုလာကြတာပါ” ဟု၎င်းကပြောသည်။

ရခိုင်ပြည်သူများသည် လက်ရှိဖြစ်ပေါ်နေသော မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ကုန်းနိမ့်နေရာမှ ကုန်မြင့်နေရာသို့ပြောင်းရွှေ့နေထိုင်နေကြရသည်။

အဆိုပါမိုခါ ဆိုင်ကလုန်းမုန်တိုင်းသည် စစ်တွေမြို့နှင့် ရေမိုင် ၃၂၀ အကွာသို့ရောက်ရှိနေပြီဟု မိုးဇလ ထုတ်ပြန်ချက်အရသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ