Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မုန်တိုင်းကြောင့် ​ပုဏ္ဏားကျွန်း သင်ပုန်းတန်းရွာမှ ငပိထောင်းကွင်းဆည်( တာတမံ) ကျိုးပေါက်သွားသောကြောင့် လယ်ဧက ၅၀၀ ကျော်ပျက်စီးဆုံးရှုံး

( ဆည်တာတမံအား ပြန်လည်ပြုပြင်ရန် လူအင်အားအကူအညီများလိုအပ်)

ABN-ရှိုင်းမိုး

မေ ၂၈ရက်

မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပုဏ္ဏားကျွန်းမြို့နယ် သင်းပုန်တန်ရွာမှ ငပိထောင်ဆည်( တာတမန်) ကျိုးပေါက်ပျက်စီးသွားသောကြောင့် လယ်ဧက ၅၀၀ ကျော် ဆားငံရေးဝင်၍ ထိခိုက်သွားသည်ဟု လယ်သမား ဦးမောင်အုံးချေမှပြောသည်။

“ဆည်က မုန်တိုင်းဆည်ကျိုးပဲ့သွားတာပါ ကျွန်တော်တို့ လယ်ဧက ၅၀၀ ကျော်ကိုထိခိုက်သွားပါတယ်၊ ” ဟု၎င်းကဆိုသည်။

မေလ ၁၄ ရက်နေ့က မုန်တိုင်းတိုက်ခိုက်၍ ထိုဆည်တွင် ဆားငံရည်ဝင်သွားသောကြောင့် ယခုနှစ် စပါးစိုက်ပျိုးရန်မဖြစ်နိုင်ကြောင်း​ဆိုသည်။

“လယ်သမား ၁၀၅ယောက်ရဲ့ လယ်တွေရှိပါတယ်၊ လယ်ဧက ၅၀၀ ကျော်ပါ၊ ဆည်ကရေငံရေဝင်သွားတာ၊ ဒါကြောင့်စပါးစိုက်ဖို့မဖြစ်နိုင်ပါဘူး၊ ကျွန်တော်တို့ လယ်သမတွေစုပြီးမလုပ်နိုင်တော့ဘူး၊ ဒါကြောင့်အရေးကြီးတဲ့နေရာကိုပဲ ဝိုင်းပြီးလုပ်မယ်လို့စီစဥ်ထားပါတယ်” ဟု ဦးမောင်ကောင်းချေမှပြောသည်။

ဆည်ကိုပြန်ပြီးမပြုပြင်နိုင်လျင် သင်ပုန်းတန်းရွာမှ ရွာသားများ၏ စားဝတ်နေရေးထိခိုက်နိုင်သည်ဟု ၎င်းကဆိုသည်။

” ဆည်ကို​ပြန်ပြီ မလုပ်လို့မရပါဘူး၊ ဘာလို့ဆို အဲဒါကိုမလုပ်လိုက်ရင်ကျွန်တော်ရွာသားများရဲ့ စားဝတ်နေရေးတွေထိခိုက်နိုင်ပါတယ်၊ ဒါကြောင့် အခု လူအင်အား ၁၀၀ ကျော်နဲ့ဝိုင်းပြီးအရေးကြီးတဲ့အပိုင်းတွေကိုပြုပြင်မယ်လို့ စီစဥ်ထားပါတယ်” ပြောသည်။

ထိုဆည်ကို ၂၀၁၆ ခုနှစ်က အစိုးရမှ ဘတ်ဂျက်ငွေ သိန်းသုံးထောင်ဖြင့်ပြုလုပ်ပေးထားခြင်းဖြစ်သည်ဟုသိရသည်။

ထိုဆည်သည် သင်ပုန်းတန်းရွာ၏ မြောက်ဘက်တွင်ရှိပြီး အလျား၊ အနံ ၃၁၀၀၀ရှိသည်ဟုသိရသည်။

ဓာတ်ပုံ-ABN

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ