Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မုန်တိုင်းကြောင့် ပင်လယ်ထဲ လှေမှောက်နစ်မြုပ်မျောပါလာသည့် မူဆလင် ၂ ဦးကို ရခိုင်ရွာသားများ ကယ်တင်ခဲ့

အောက်တိုဘာ ၂၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် စီထရံ မုန်တိုင်း ဒဏ်ကြောင့် ပင်လယ်ထဲ လှေ မှောက်ပြီး မျောပါလာသည့် မူဆလင် ၂ ဦးကို ရခိုင်ရွာသားများက ကယ်တင်ခဲ့ကြပြီး နေရပ် စစ်တွေသို့ ပြန်ပို့ပေးခဲ့ကြကြောင်း ရွာသားများ၏ပြောပြချက်အရသိရသည်။

မုန်တိုင်းဒဏ်သင့်ခဲ့ကြသည့် မူဆလင် ၂ ဦးမှာ စစ်တွေမြို့နယ် ပလ္လင်ပြင်အုပ်စု အုန်းတောကြီးရွာ ကယ်ဆယ်ရေးစခန်းမှ ဦးမာမောက်ယာဆိမ်း အသက် ၄၄ နှစ် နှင့် ဘောဒူဗ ကယ်ဆယ်ရေးစခန်းမှ ဦးဇာလာမောက် အသက် ၂၅ နှစ်တို့ ဖြစ်ကြသည်။

၎င်းမူဆလင်အမျိုးသား ၂ ဦးအနက် ဦးမာမောက်ယာဆိမ်းကို ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ရွာအနီးပင်လယ်ပြင်တွင် မျောပါနေသည်ကို ဒုံးပိုက်ရွာသားများက တွေ့ရှိ၍ ကယ်ဆည်ခဲ့ကြသည်။

နောက်တစ်ဦးဖြစ်သည့် ဦးဇာလာမောက်ကိုမူ မောင်တောမြို့နယ် အင်းဒင်ရွာအနီးပင်လယ်ပြင်တွင်တွေ့ရှိ အင်းဒင်ရွာသားများက ကယ်ဆည်ခဲ့ကြသည်။

သူတို့ ၂ ဦးကို သူတို့၏ နေရပ် ကယ်ဆယ်ရေးစခန်းအသီးသီးသို့ ရွာသားများက အောက်တိုဘာ ၂၅ ရက်နေ့က ပို့ပေးလိုက်ကြပြီဖြစ်သည်။

ထိုမူဆလင် ငါးဖဖ်းသမား မူဆလင် ၂ ဦးသည် အောက်တိုဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းက စစ်တွေမြို့နယ် ပလ္လင်ပြင်ရွာ အနောက်ဖက် ပင်လယ်ပြင်တွင် ငါးဖမ်းပိုက် ဖော်ရန် လှေတစ်စီးဖြင့် သွားကြစဥ် စီထရံ မုန်တိုင်းမိ၍ နစ်မြုပ်မျောပါသွားခဲ့ခြင်းဖြစ်သည်ဟု ကာယကံရှင်များ၏ ပြောကြားချက်အရသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ