Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မုန်တိုင်းကြောင့် တစ်ရွာလုံးနီပါး ပျက်စီးသွားသည့် ကန်စောက်ကျေးရွာ ကူညီကယ်ဆယ်ရေးများ မရရှိသေး

ABN-ရာဟု

ရခိုင်ပြည် မြောက်ဦးမြို့နယ် ကန်စောက်ကျေးရွာတွင် မိုခါမုန်တိုင်းကြောင့် တစ်ရွာလုံးနီးပါးပျက်စီးသွားသော်လည်း ကူညီကယ်ဆယ်ရေး မရရှိသေးဟုသိရသည်။

ကန်စောက်ကျေးရွာတွင် အိမ်ခြေစုစုပေါင်း ၂၅၇ အိမ်ရှိသည့်အနက် မိုခါမုန်တိုင်းကြောင့်စုစုပေါင်း အိမ် ၂၁ အိမ်သာကျန်ရှိခဲ့ပြီး ကျန်အိမ်၂၃၆အိမ်မှာ ပြိုကျပျက်စီးဆုံးရှုံးသွားခဲ့သည်။

နေအိမ်ခေါင်မိုးများပျက်စီးသွားကာ တစ်ချို့အိမ်များလုံးဝပျက်စီးသွားပြီး ဆေးခန်းနှင့် စာသင်ကျောင်းများလည်းပျက်စီးသွား၍ နေအိမ်များပြန်ဆောက်လုပ်ရန် ငွေကြေးအခက်အခဲ ဖြစ်နေကြောင်း ရွာအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းစိုးက ABN သို့ပြောသည်။

“ရွာကအိမ်တွေ အကုန်ပျက်စီးသွားတာ ၊ပြန်လုပ်ဖို့ကို ကုန်စျေးနှုန်းတွေက အကုန်တက်နေတာ ငွေကြေးမတတ်နိုင်တဲ့သူတွေ အိမ်ပြန်လုပ်ရမှာမလွယ်တော့ဘူး၊ မိုကလည်းရွာတော့မှာ အိမ်ဆောက်ဖို့အတွက် အရမ်းအခက်အခဲဖြစ်နေကြတာ”ဟု ပြောသည်။

မုန်တိုင်းတိုက်ခတ်ပြီး နောက်တစ်နေ့တွင်မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့်အတွက် ဝမ်းစာစုဆောင်းထားသည့် စပါးများ မိုးရေမိကာ ပျက်စီးဆုံးရှုံးခဲ့သည့်အတွက် စားဝတ်နေရေးနှင့် နေအိမ်များပြန်လည်တည်ဆောက်ရေးတို့အတွက် အကူအညီပေးရေးအဖွဲ့များ လာရောက်ကူညီပေးစေလိုကြောင်း အုပ်ချုပ်ရေးမှူးက ဆက်ပြောဆိုသည်။

လက်ရှိတွင် မုန်တိုင်းဒဏ်သင့် ဒေသများသို့ အာရက္ခပြည်သူ့အစိုးရအဖွဲ့အပါအဝင် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက အရေးပေါ်ကယ်ဆယ်ရေးများ ထောက်ပံ့ပေးလျက်ရှိနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ