Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မိုင်းအန္တရာယ်ကြောင့် ကမ်းထောင်းကြီးရှိ ဒါးလက်ချောင်းမှ စစ်ဘေးရှောင်များနေရပ်ပြန်ရန် အခက်တွေ့နေ

မိုင်းအန္တရာယ်ကြောင့် ကမ်းထောင်းကြီးရှိ ဒါးလက်ချောင်းမှ စစ်ဘေးရှောင်များနေရပ်ပြန်ရန် အခက်တွေ့နေ

ABN-ထက်မြတ်ခင်

ရခိုင်ပြည် မြေပုံမြို့နယ် ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များကို စစ်ကောင်စီက နေရပ်ခိုင်းသော်လည်း မိုင်းအန္တရာယ်များကြောင့် နေရပ်ပြန်ရန် အခက်အခဲဖြစ်နေကြသည်ဟုသိရသည်။

ကမ်းထောင်းကြီး စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု စုစုပေါင်း၂၂၂ စုရှိပြီး လူဦးရေစုစုပေါင်း ၈၇၅ယောက်ရှိကာ အများစုမှာ အမ်းမြို့နယ် ဒါးလက်ချောင်းမှ ဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့်လက ကမ်းထောင်းကြီးမြို့အုပ်ချုပ်ရေးမှူးလာရောက်ပြီး ကမ်းထောင်းကြီး စစ်ဘေးရှောင်စခန်းရှိ စစ်ဘေးရှောင်များကို ငွေ ၅သိန်းကျပ်နှင့် ဆန် ၁လစာတို့ပေးမည်ဟုဆိုကာ နေရပ်ပြန်ခိုင်းခဲ့သည်ဟု စစ်ဘေးရှောင်များက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ရက်နေ့က ကမ်းထောင့်ကြီး စစ်ဘေးရှောင်စခန်းနေ ဒါးလက်ချောင်းမှ ရွာသား ၁ဦး မိုင်းနင်း၍ ထိခိုက်ဒဏ်ရာရသွားခဲ့ရာ စစ်ဘေးရှောင်အများစု ကြောက်လန့်ခြင်းကြောင့်နေရပ်မပြန်ရဲကြဟု စစ်ဘေးရှောင် ၁ဦးက ပြောသည်။

‘ဖေဖော်ဝါရီလ ၆ရက်နေ့က မိုင်းထိမိသူဟာ ကျွန်တော်တို့ရွာကပါ သူကစစ်ဘေးရှောင်စခန်းမှာနေတာပါ သူ့မှာ ရွာမှာကျန်ရှိတဲ့ သီဟိုသရက်ခင်းကိုသွားပြီး သန့်ရှင်းရေးသွားလုပ်တာ ၂ရက်အကြာမှာ မိုင်းထိတယ်လို့ကြားတော့ ကျွန်တော်တို့သွားရမှာ တော်တော်လည်းထိတ်လန့်သွားပါတယ် ဒါကြောင့်ဘယ်သူမှမသွားရဲကြတော့တာပါ” ဟု ပြောသည်။

အမ်းမြို့နယ် ဒါးလက်ချောင်း အနောက်ရွာမှ မိုင်းနင်းမိသူမှာ အဖဦးသိန်းဆန်း၏သား အသက် ၂၂အရွယ် မောင်ဦးဆန်းကြည်ဖြစ်ပြီး ၎င်းအားယခုလက်ရှိအချိန်တွင် မျက်စိခွဲစိပ်ကုသရမည်ဟု ABNက စုံစမ်းသိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ