Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မိုခါ မုန်တိုင်းပြင်းအားကောင်းလာပြီး စစ်တွေမြိုနှင့် ရေမိုင် ၂၅၀ ခန့်အထိနီးကပ်လာ

မိုခါ မုန်တိုင်းပြင်းအားကောင်းလာပြီး စစ်တွေမြိုနှင့် ရေမိုင် ၂၅၀ ခန့်အထိနီးကပ်လာ

ABN-ကိုဟိန်းထွန်း

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင်ဖြစ်ပေါ်သော မိုခါမုန်တိုင်းသည် ( Extremely Severe Cyclonic Storm) အလွန့်အလွန်အားကောင်းသော အနီရောင်အဖြစ်သို့ ရောက်ရှိခဲ့ပြီး စစ်တွေမြို့နှင့် ရေမိုင် ၂၅၀ ခန့်အထိနီးကပ်လာပြီဖြစ်ကြောင်း မိုးဇလ ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့ မွန်းလွဲ ၅ နာရီအချိန် မိုးလေဝသတိုင်းတာချက်အရ မိုခါဆိုင်ကလုန်းမုန်တိုင်းသည် စစ်တွေမြို့၏တောင် -အနောက်တောင်ဘက် ရေမိုင် ၂၅၀ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်( ၃၀၅ )မိုင်ခန့် ကိုဗဟိုပြုနေကြောင်း မိုးဇလထုတ်ပြန်ချက်အရသိရသည်။

ယနေ့ညနေ ၇ နာရီကျော်ခန့်တွင် မိုခါမုန်တိုင်းဗဟိုချက်သည် စစ်တွေမြို့၏ အနောက်-တောင်ဘက် တွင် ရေမိုင် ( ၂၀၀) ကျော်ခန့်အထိရှိလာနိုင်ပြီး ၁ နာရီလျှင် လေတိုက်နူန်း မိုင် ၁၀၀ ကျော်ထိ တိုက်ခတ်လာနိုင်သည့်အတွက် အနီရောင်အဆင့်သတ်မှတ်ထားသည့်နေရာများမှ ပြည်သူများ အမြန်ပြောင်းရွေ့ကြရန် HDCO က အသိပေးထုတ်ပြန်ထားသည်ကိုတွေ့ရသည်။

မိုခါမုန်တိုင်း၏ဗဟိုအချင်းမှာ မိုင် ( ၁၀၀) ကျော်ရှိပြီး မုန်တိုင်းပြင်းအားအမြင့်ဆုံးအတွင်းစက်ဝန်း လှည့်ပတ်မှုအရွယ်အစားသည် မိုင် ( ၂၀၀) ကျော်ထိ တိုက်ခတ်လာနိုင်ပြီး စစ်တွေမြို့နယ်၊ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ် မြို့နယ်များထိ ဝင်ရောက်နိုင်ကြောင်း မိုးလေဝသပညာရှင်များက ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ