Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မိုခါ မုန်တိုင်းကြောင့် ရသေ့တောင်မြို့နယ် ပန်ဇင်းမော်ကျေးရွာရှိ တံတားပျက်စီး

ABN-ထက်မြတ်ခင်

ဇွန်လ ၃ရက်

မိုခါ မုန်တိုင်းကြောင့် ရသေ့တောင်မြို့နယ် မိုးစဲကျွန်း ပန်ဇင်းမော်ကျေးရွာရှိ တံတားပျက်စီးသွားသည်ဟုသိရသည်။

၎င်းတံတားမှာသစ်များဖြင့်ပြုလုပ်ထားကာ အလျားပေ ၁၈၀ ခန့်၊ အနံ လေးတောင်ခန့်ရှိပြီး ဆိုင်ကယ်၊တွန်းလှည်းစသည်တို့သွားလာ၍ရသော တံတားဖြစ်ပြီး ယခုအခါမုန်တိုင်းကြောင့် ပျက်စီးသွားသဖြင့် ဝါးဖြင့်ပြုလုပ်ထားသည့် တံတားဖြင့်သွားလာနေရသည့်အတွက် ခရီးများသွားရန်အခက်ခဲများနေရသည်ဟု သိရသည်။

ပန်ဇင်းမော်ကျေးရွာ ပတ်လည်တွင်ရေများဝန်ရံလျက်ရှိကာ တံတားမှာလည်းရွာ၏ အဓိကအရေးပါသည့်တံတားခုဖြစ်ပြီး မုန်တိုင်းအတွင်းကျေးရွာရှိကန်များမှာ ဆားငန်ရေများ လွှမ်းသွားသဖြင့် သောက်သုံး​ေ များကိုအခြား ရွာများမှသွားခပ်ရသည့်အချိန်တွင် တံတားမရှိသဖြင့် အဆင်မပြေကြောင်း ပန်ဇန်းမော်ကျောင်းထိုင်ဆရာတော်က မိန့်ကြားသည်။

“တံတားကပျက်စီးသွားတယ်ဆိုတာထက် ပျောက်ကွယ်သွားတယ်လိုပြောရင် ပိုမှန်ပါမယ် ကိုယ်တော်ဒီရွာမှာကျောင်းထိုင်နေတာ ၁၈နှစ်ရှိပါပြီ မုန်တိုင်းတုန်းက ရွာသားတွေအကုန်မုန်းတိုင်းရှောင်ဖို့သွားကြ ပါတယ်။ မုန်တိုင်းပြီးလို့ပြန်လာတော့ တံတားကလုံးဝကိုမရှိတော့တာ ရေကရင်လောက် ကျမယ်ပါတယ်၊ ကန်မှာလည်း ဆားငန်ရေတွေဝင်တော့ ရေခပ်ရတာကလည်း အဆင်မပြေတာတွေရှိပါတယ် အခုလတ်တလောမှာတော့ ဝါးတံတားငယ်လေးတစ်ခုထိုးထားပါတယ်၊ လူကြီးပိုင်းတွေဆိုရင်မလျှောက်ရဲဘူး” ဟုမိန့်သည်။

ပန်ဇင်းမော်ကျေးရွာမှာ အိမ်ခြေစုစုပေါင်း ၁၂၀ခန့်ရှိပြီး ဝါးတံတားဆောက်လုပ်နေစဉ်တွင် ရန်ကုန်မှပန်းတိမ်လုပ်ငန်းရှင်အဖွဲ့မှ သိန်း၅၀နှင့် ​ စာရေးဆရာ ပရဟိတသမား ဦးဝေဟင်အောင်က သိန်း၁၅၀ လှူဒါန်းထားသည်ဟုပြောသည်။

“ကယ်ဆယ်ရေးတွေကအများအပြားရောက်ကျပါတယ်။ တံတားအတွက်ဆိုပြီး ရန်ကုန်ပန်းထိမ်လုပ်ငန်းရှင်အဖွဲ့က သိန်း၅၀နှင့် ဆရာဝေဟန်အောင်မှာလည်း တံတားကို ပေ ၁၀၀ လို့ခန့်မှန်းပြီး သိန်း ၁၅၀ ဆယ်လှူထားပါတယ်ဟုပြောသည်။

ထို့အပြင် ပန်ဇင်းမော်ကျေးရွာတွင် နေအိမ်များစွာ ပျက်စီးသွားကြောင်း ရွာသားများက ပြောသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ