Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မိုခါမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်သူများ စားဝတ်နေရေး အခက်အခဲများဖြစ်ကာ နိုင်ငံခြားသွားရောက်အလုပ်လုပ်ကိုင်သူ ပိုများလာ

မိုခါမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်သူများ စားဝတ်နေရေး အခက်အခဲများဖြစ်ကာ နိုင်ငံခြားသွားရောက်အလုပ်လုပ်ကိုင်သူ ပိုများလာ

ABN-ရာဟု

ဇွန် ၁၂ရက်

ရခိုင်ပြည်တွင် တိုက်ခတ်ခဲ့သည့်မိုခါမုန်တိုင်းဒဏ်ကြောင့် ပြည်သူများ စားဝတ်နေရေး အခက်အခဲများဖြစ်ကာ နိုင်ငံခြားသို့ သွားရောက်ကာ အလုပ်လုပ်ကိုင်သူ ပိုများလာသည်ဟု သိရသည်။

မုန်တိုင်းဒဏ်ကြောင့် နေအိမ်များပြိုကျပျက်စီးကာ စပါးများပါ မိုရေဝင်ပျက်စီးခြင်း၊လယ်ယာမြေများကို ဆားငန်ရေများဝင်ရောက်သွားသည့်အတွက် လုပ်ကိုင်စရာဘာမှမရှိတော့ဘဲ ကျန်နေခဲ့သည့် နွား၂ကောင်းကို ရောင်ကာ အိမ်ကိုပြန်လည်ပြုပြင်တည်ဆောက်ပြီးသည်နှင့် ဇနီးမောင်နှံ၂ဦး ထိုင်းနိုင်ငံကို အလုပ်လုပ်ရန် သွားမည်ဟု ရသေ့တောင်မြို့နယ်မှ ကလေး ၃ဦးဖခင် ဦးသိန်းထွန်းလှက ပြောသည်။

“ကျနော့်မှာ ဘာမှမရှိတော့ဘူး၊ အိမ်က လေနဲ့ပါသွားတာ ၊ မျိုးစပါးလည်း မိုးရေကြောင့်ပျက်စီးသွားပြီ၊ လယ်တွေက အကုန်ဆားငန်ရေဝင်သွားတာ စိုက်မရတော့ဘူး၊ နွား၂ကောင်ကျန်တာကို ရောင်းပြီး အိမ်ကိုပြုပြင်တည်ဆောက်ပြီးတာနဲ့ လင်မယား၂ယောက် ထိုင်ကိုသွားတော့မယ်၊ရွာမှာ လုပ်စရာမှမရှိတော့တာ “ဟု ရသေ့တောင်မြို့နယ်မှ ကလေး ၃ဦးဖခင် ဦးသိန်းထွန်းလှ က ABNကို ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာများတွင်လည်း ပြည်သူများ စားဝတ်နေရေး အခက်အခဲများဖြစ်ကာ ယခင်ထက်ပိုပြီး နိုင်ငံခြားကို အလုပ်သွားလုပ်သူများပိုမို များပြာလာသည်ဟု ကိုယ်တိုင်နိုင်ငံခြားကို သွားရန် ပြင်ဆင်နေသူ ကိုကျော်လင်းထွန်းက ပြောဆိုသည်။

နိုင်ငံခြားသွားရောက်နေကြသည့်ပုံစံ ၂မျိုးရှိကာ ပထမတစ်မျိုးမှာ တရားဝင်လမ်းကြောင်းမှသွားရောက်ခြင်းဖြစ်ပြီး ဒုတိယတစ်မျိုးမှာ တရားမဝင်လမ်းကြောင်းမှ သွားရောက်လုပ်ကိုင်နေကြခြင်းဖြစ်သည်။

ထိုင်းနိုင်ငံသို့ တရားမဝင် အလုပ်သွားလုပ်ရာတွင် ပွဲစားခအဖြစ် ငွေ၂၅သိန်းမှ ၃၅ သိန်းအထိပေါက်စျေးရှိနေကာ တရားဝင် သွားရောက်လုပ်ရာတွင်လည်း အစိုးရ ဌာနများတွင် တရားဝင် စာအုပ်လုပ်ခ ၁သိန်းအောက် ရှိနေသော်လည်း ပုံမှန်အတိုင်း လုပ်မရဘဲ ပွဲစားများနှင့် သွားလုပ်နေကြရသဖြင့် အနည်းဆုံး စာအုပ်လုပ်ခငွေကျပ် ၄သိန်း ပေးနေရပြီး စာချုပ်ချုပ်ရန်လည်းငွေကျပ် သိန်း၂၅မှ ၃၅ကြား ပေးပြီးသွားနေကြရသည်ဟု ထိုင်းတွင် တရာဝင်သွားရောက်လုပ်ကိုင်နေသူ တစ်ဦးက ပြောဆိုသည်။

“တရားဝင်သွားလည်း သိန်း ၂၅ကနေ ၃၀ကျော်ကြားကုန်တယ်၊ အစိုးရက တရားဝင်သတ်မှတ်တာတွေက ဘာမှမဟုတ်ဘူး၊ ပွဲစားနန့်မလုပ်ရင် စာအုပ်ကကျကိုမလာတာ ၊ ၁သိန်းအောက်စာအုပ်ကို ၄သိန်းပေးလုပ်ရတာပွဲစားနဲ့ ၊ အောက်လမ်းကသွားလည်း ၂၅ကနေ ၃၅အထိ ကုန်တာပါဘဲ၊ အောက်လမ်းကဆိုတော့ မြန်တော့ ပိုအသွားများကြတယ်” ဟု ထိုင်တွင် တရားဝင်သွားရောက်လုပ်ကိုင်နေသူ ကိုထွန်းထွန်းနိုင် က ABN သို့ ပြောသည်။

ရခိုင်ပြည်တွင် မိသားစုများနဲ့ခွဲကာ နိုင်ငံခြားသွားရောက်လုပ်ကိုင်နေသူများမှာ မုန်တိုင်းတိုက်ခတ်ပြီးနောက် စားဝတ်နေရေးအခက်အခဲများကြောင့်တစ်နေ့ထက်တစ်နေ့ လူပိုများလာကာ ရန်ကုန်ကို သွားသည့် ခရီးသည်တင်ကားများတွင် နေ့တိုင်းလူအပြည့်ဖြစ်နေသည်ဟု အမည်မဖော်လိုသူ ကားသမားတစ်ဦးက ABN ကိုပြောသည်။

မေလ ၁၄ရက်နေ့ကတိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်သူ ၁သန်းကျော် တို့မှာ နေအိမ်များ ၊ ဥယာဥ်ခြံမြေများ၊ဝမ်းစာစပါးများနှင့် မျိုးစပါးများ မုန်တိုင်းကြောင့် ပျက်စီဆုံးရှုံးခြင်းနှင့် လယ်ယာမြေများထဲ ဆားငန်ရေများ ဝင်ရောက်၍ ပျက်စီးခြင်းတို့ကြောင့် စားဝတ်နေရေးကအစ အရာရာအခက်အခဲများနှင့်ရင်ဆိုင်နေကြရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ