Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မိုခါမုန်တိုင်းကြောင့်ပျက်စီးသွားသည့် စစ်တွေ ကမ်းနားလမ်းကို ပြန်လည်ပြုပြင်ရန် ကျောက်များကိုသယ်ဆောင်နေ

ABN-ဟိန်းထွန်း

သြဂုတ် ၂၈ ရက်

ရခိုင်ပြည်၊ စစ်တွေမြို့တွင် မိုခါမုန်တိုင်းကြောင့်ပျက်စီးသွားခဲ့သည့် အများပြည်သူ အသုံးပြုနေရသည့် ကမ်းနားလမ်းကို ပြန်လည်ပြုပြင်လုပ်ဆောင်ရန် ကျောက်များကို မင်းပြားမှ သင်္ဘောဖြင့် သယ်ယူပို့ဆောင်နေသည်ကို တွေ့ရသည်။

ကမ်းနားလမ်းတွင် လမ်းပြန်လည်ပြုပြန်ရန်တွင် အသုံးပြုမည့် ကျောက်များကို မင်းပြားမြို့နယ် သစ်ပုတ်တောင်ကျေးရွာရှိ တောင်ကုန်းများမှ ခွဲယူသည့်အပြင် တောင်ရှည်ပြင်ကျေးရွာမှလည်း သယ်ယူပို့ဆောင်နေကြောင်းတွေ့ရသည်။

အများပြည်သူသုံးလမ်းကို ပြန်လည်ပြုရန် ကျောက်များကိုသယ်ယူနေရပြီး မင်းပြားမှ စစ်တွေသို့ မောင်နှင်လျှင် တစ်ညအိပ်သွားရမည်ဖြစ်ကြောင်း သင်္ဘော တာဝန်ခံက ABN သို့ပြောသည်။

“ကမ်းနားလမ်းကိုပြုပြင်ဖို့ကျောက်တွေသယ်ယူနေတာပါ၊ ကျောက်များရင် မင်းပြားက စစ်တွေကို တစ်ညအိပ်လို့ သွားရမှာဖြစ်ပါတယ်၊ အချိန်တော့နည်းနည်းကြာတာပေါ့” ဟု ဆိုသည်။

မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားခဲ့သည့်ကမ်းနားလမ်းကို မပြုပြင်ဘဲထားသည်မှာ ယနေ့ဆိုလျှင် ရက်ပေါင်း ၁၀၆ ရက်ထိရှိနေပြီဖြစ်ကြောင်းသိရသည်။

တစ်ခါပို့လျှင် ကျောက်ကျင်းရေ ၁၆၀ ကျော် ပါရှိမည်ဖြစ်ပြီး လိုအပ်လျှင် ထပ်၍ ပို့ဆောင်မည်ဖြစ်ကြောင်း သင်္ဘော တာဝန်ခံက ABN သို့ထပ်ပြောသည်။

“တစ်ခေါက်မှာတော့ ကျောက်ကျင်းရေ ၁၆၀ ကျော်ပါနိုင်ပါတယ်၊ အတိအကျတော့ပြောလို့မရပါဘူး၊ ကျောက်တန်ချိန်အပေါ်မှာ မူတည်ပါတယ်၊ ထပ်ပြီးလိုအပ်လို့ရှိရင်လည်း သယ်ယူပေးမှာပါ ” ဟု ပြောသည်။

၎င်းလမ်းကို ကျောက်သားအမာများဖြင့် ခိုင်ခန့်စွာပြုလုပ်မည်ဆိုလျှင် ကျောက်ကျင်းရေ ၁ ထောင်ကျော် နှင့် ၂ ထောင်ကျော်ကြားတွင်ရှိနိုင်ကြောင်း ခန့်မှန်းထားကြကြောင်း သိရသည်။

စစ်တွေရှိ ကမ်းနားလမ်းသည် ပြည်သူများနှင့် ခရီးသွားများအားလုံး အပန်းဖြေစရာနေရာတစ်ခုဖြစ်သည့်အတွက် ပိုမိုခိုင်ခန့်အောင် လုပ်ဆောင်လိုစေကြောင်း ဒေသခံများကပြောသည်။

ဓာတ်ပုံ-ABNews/Hein Tun

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ