Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် သစ်ပင်များမှာ ရခိုင်ရိုးမတွင် ၁ လသစ်ခုတ်ထုတ်လုပ်မှုများ လောက်မရှိဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်သူများပြော

ABN-ရာဟု

ဇွန် ၉ ရက်

ရခိုင်ပြည်တွင် မေလ ၁၄ရက်နေ့က ဝင်ရောက်တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် သစ်ပင်အရေအတွက်မှာ ရခိုင်ရိုးမတွင် တစ်လသစ်ခုတ်ထုတ်လုပ်နေမှုများလောက် မရှိဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်သူများက ပြောသည်။

ရခိုင်တွင် မုန်တိုင်းကြောင့် ပျက်စီးသွားသည့် သစ်ပင်များမှာ အများပြည်သူများ သွားလာ အရိပ်ခိုလှုံနေသည့်နေရာများအပြင် ပြည်သူများကို အပူလှိုင်းဒဏ်မှ သက်သာအောင်ကာကွယ်ပေးနေသည့် အပင်များဖြစ်ကြသည့်အတွက် အလွန်နှမြောစရာကောင်းသော်လည်း ပျက်စီးသွားသည့်ပမာဏစုစုပေါင်းမှာ ရခိုင်ရိုးမတွင် တစ်လစာ သစ်တောများခုတ်ကာ ထုတ်လုပ်နေမှုပမာဏလောက် မများဟု သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းစောင့်ရှောက်နေသူ ကိုမျိုးလွှင် (အမ်း) ကပြောသည်။

“သစ်ပင်တွေက ပြည်သူတွေ သွားလာနေတဲ့နေရာတွေ၊ အပူဒဏ်ကာကွယ်တဲ့နေရာတွေက အပင်တွေ အဓိကပျက်စီးသွားတဲ့အတွက် အတော်နှမြောစရာပါပဲ၊ ဒါပေမဲ့ ရိုးမမှာ သစ် ၁ လခုတ်ပြီး သစ်ထုတ်နေတာလောက်မများပါဘူး” ဟု ကိုမျိုးလွှင်( အမ်)က ABNကို ပြောသည်။

သစ်တောများပြုန်းတီးပြီး အပူချိန်တိုးလာနေသည့် အထဲတွင် ရခိုင်ပြည်လည်းပါဝင်ကာ အပူချိန်ကို အတိုင်းအတာတစ်ခုအထိ အကာအကွယ်ပေးနေသည့် သစ်ပင်များ မိုခါမုန်တိုင်းကြောင့် ပြိုလဲ ပျက်စီးသွားသည့်အတွက် လူသားများအပါအဝင် တခြားသတ္တဝါများအတွက်ပါ ဆုံးရှုံးမှုများဖြစ်လာနိုင်သည်ကိုတွေ့ရသည်။

ရခိုင်တွင် သစ်ပင်များလဲကျ ပျက်စီးပြုန်းတီးမှုကြောင့် အပူချိန်များပိုမိုတိုးလာနေသည့်အပြင် ဒီရေတောများပါပြုန်းတီလာနေမှုတို့ကြောင့် မြေအောက်ရေ အရင်းအမြစ်များ ထိခိုက်လာခြင်းကြောင့် မိုး လေဝသ မမှန်ခြင်းတို့ဖြစ်ကာ သဘာဝလှိုင်းဒဏ်ကိုကာကွယ်နိုင်မှုအားနည်း၍ ​မြစ်ကမ်းပါးမြေတိုက်စားမှုများ ပိုမိုဖြစ်ပေါ်လာန်ိုင်သည်ဟု သဘာဝပတ်ဝန်းကျင် နှင့် ဝန်ဗိုက်ဒီရေတောကြိုးဝိုင်းကို ထိမ်းသိမ်းစောင့်ရှောက်နေသူ ဦးမောင်သိန်းကျော် က ပြောဆိုသည်။

“သစ်ပင်တွေလဲကျ ပျက်စီးသွားတာနဲ့ ဒီရေတောသစ်ပင်တွေ ပါပြုန်းတီးလာနေတဲ့အတွက် အဓိက မြေအောက်ရေတွေ ရှားပါးနိုင်တယ်။ ကမ္ဘာကြီးပူနွေးပြီးတော့ လေက မမှန်နိုင်တော့ဘူး၊ မြစ်ကမ်းပါးမြေတွေလည်း ပိုပြီး ပြိုကျလာနိုင်တယ်” ဟုABN သို့ ပြောသည်။

ရခိုင်ပြည်တွင် ပျက်စီးဆုံးရှုံးသွားသည့် သစ်ပင်များအတွက် မိုရာသီတွင် သစ်ပင်များအမြန်ပြန်လည်အစားထိုးစိုက်ပျိုးရန်လိုအပ်ကာ ရေနှင့်မြေကိုအဓိက ထိန်းညှိပေးနိုင်သည့် ကုက္ကိုလ်ပင်နှင့် ပျားသလွန်ပင်များ မကျဥ်းပင်နှင့်သရက်ပင်များကိုအဓိကထားစိုက်ပျိုးသင့်ကာ အပင်များကို ပြန်လည်ထိမ်းသိမ်းစောင့်ရှောက်ရန်လည်း အရေးတကြီးလိုအပ်သည်ဟု ကိုမျိုးလွှင် (အမ်း) ကဆက်ပြောသည်။

“ကျနော်တို့ သစ်ပင်တွေပြန်စိုက်ဖို့ လိုအပ်ပါတယ်၊ရေကိုစုတ်ယူပြီးတော့ ပြန်လည်းပေးနိုင်တဲ့ ကုက္ကိုလ်ပင်နှင့် ပျားသလွန်ပင်တွေ၊ မကျဥ်းပင်နှင့် သရက်ပင်တွေကိုပါ မိုတွင်းပြန်စိုက်ပြီး အပင်တွေကို ပြုပြင်ထိမ်းသိမ်းစောင့်ရှောက်တာတွေကိုပါ လုပ်ဆောင်ဖို့ အရေးတကြီးလိုနေတယ်” ဟု ပြောသည်။

ရခိုင်တွင် သစ်ပင်များပြန်လည်စိုက်ပျိုးကာ ထိမ်းသိမ်းစောင့်ရှောက်ရန်လိုအပ်နေပြီး ရက္ခိုင့်တပ်တော် ULA/AA က သစ်တောနဲ့ပတ်သက်သည့် မူဝါဒများရေးဆွဲနေသည်ဟု သိရကာ အမြန်ရေးဆွဲနိုင်ပါက စနစ်တကျ ပြုပြင် ထိမ်းသိမ်းစောင့်ရှောက်နိုင်ပြီး သဘာဝပတ်ဝန်းကျင် ပိုမိုကောင်းမွန်သည့် ဂေဟစနစ်ကိုပြန်လည်ပြုပြင်ထိန်းသိမ်းသင့်သည်ဟု ကိုမျိုးလွှင် (အမ်း)ကအကြံပြု ပြောဆိုသည်။

“သစ်တောနဲ့ပတ်သက်ပြီး ရက္ခိုင့်တပ်တော် ULA/AA က မူဝါဒရေးဆွဲနေတယ်လို့ကြားတယ်၊ အမြန်ရေးဆွဲပြီး သစ်တောတွေကို ပြုပြင်စောင့်ရှောက်ပြီး ဂေဟစနစ်တွေကို ပြန်ထိမ်းသိမ်းစေချင်တယ်” ဟု ကိုမျိုးလွှင် (အမ်း)က ပြောသည်။

ရခိုင်တွင် မုန်တိုင်းမတိုက်ခတ်မီကလည်း သစ်ပင်များ၏ အကိုင်းအခက်များကို ခုတ်ချမှုများ ရှိခဲ့ပြီး မုန်တိုင်းတိုက်ခတ်စဥ်အတွင်းကလည်း ကျေးရွာများအတွင်းရှိ သစ်ပင်များနှင့် တော တောင်ရှိ သစ်တောများ ပြိုလဲ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်အတွက် နေအပူချိန်များမှာ ယခင်ကထက် ပို၍ မြင့်တက်လာသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ