Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မိုခါမုန်တိုင်းကြောင့် ငမန်းရဲကျွန်းမှဒေသခံများသွားလာနေသည့် ကားလမ်းမကြီးပျက်စီးသွား၍ ပြန်လည်ပြုပြင်ရန်လိုအပ်နေ

ABN-ရှိုင်းမိုး

မေ ၃၀ရက်

ရခိုင်ပြည် မြေပုံမြို့နယ် ငမန်းရဲကျွန်းမှ ဒေသခံများအဓိက သွားလာနေသည့် ကားလမ်းမကြီးသည် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွား၍ လမ်းခရီးသွားလာရေးခက်ခဲနေကြရသည်ဟုသိရသည်။

ထိုလမ်းပျက်စီးသွားသောကြောင်း ငမန်းရဲကျွန်းမှရွာပေါင်း ၁၀နီးပါး လမ်းခရီးခက်ခဲနေကြရသည်။

ထိုလမ်းမကြီးသည် ငမန်းရဲကျွန်းနှင့် မြေပုံမြို့ကို သွားလာသည့် အဓိကကားလမ်းမကြီးဖြစ်သည်။

ထိုလမ်းမကြီးကိုပြန်လည်ပြုပြင်ရန် သက်ဆိုင်ရာအစိုးရအဖွဲ့မှ ငွေကြေးထောက်ပံ့ခြင်းတစုံတရာမရှိသေးသည့်အတွက် ပြန်လည်မပြုပြင်နိုင်သေးကြောင်း ကြက်ရေးကျွန်းအုပ်ချုပ်ရေးမှူး ဦးအောင်လှိုင်စိုးမှပြောသည်။

“လမ်းကသွားလို့မရတော့ပါဘူး၊ အခုဆိုင်ကယ်သွားလို့ရအောင်နည်းနည်းလုပ်ထားကြပါတယ်၊ ဒါပေမယ့် မိုးကြီးရင် သွားလို့ရမှာမဟုတ်ပါဘူး၊ ပြင်ပြီးလုပ်ဖို့အတွက် အစိုးရဆီကိုတင်ပြထားပါတယ်၊ အကြောင်းမပြန်သေးပါဘူး” ဟု၎င်းကဆိုသည်။

ထို့အပြင် ငမန်းရဲကျွန်းရှိ ကျေးရွာများမှ နေအိမ်များမှာလည်း မုန်တိုင်းကြောင့် ပြိုပျက်သွားခဲ့ကြောင်း သိရသည်။

မုန်တိုင်းမတိုင်မီအချိန်က ထိုငမန်းရဲကျွန်းမှ ဒေသခံရွာသားများကို ရက္ခိုင့်တပ်တော်က ဘေးလွတ်ရာသို​့ဘရွှေ့ပြောင်း ပေးနိုင်ခဲ့သောကြောင့် အသက်ဘေးမှ လွတ်ကင်းခဲ့ကြရသည်ကိုတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ