Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မိုခါမုန်တိုင်းကို အနီရောင်အဆင့် သတ်မှတ်ပြီးနောက် စစ်တွေဒေသခံများ မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများနှင့် အခြားသော ဘေးလွတ်ရာမြို့နယ်များသို့ တိမ်းရှောင်နေကြ

ABN-ရာဟု

မိုခါမုန်တိုင်းကို အနီရောင်အဆင့် သတ်မှတ်ပြီးနောက် ရခိုင်ပြည် စစ်တွေမြို့တွင်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များမှ ပြည်သူများ မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများနှင့် တခြားဘေးလွတ်ရာ မြို့နယ်များသို့ ယနေ့ မေလ ၁၃ရက်နေ့ နံနက်ပိုင်းတွင် ပြောင်းရွေ့နေကြသည်ဟု သိရသည်။

ယနေ့နံနက်ပိုင်းတွင် စစ်တွေဒေသခံ တစ်သောင်းနီးပါးမှာ မုန်တိုင်းဘေးအန္တရာယ် ကင်းလွတ်နိုင်မည့် ပုဏ္ဏားကျွန်း ၊ ကျောက်တော်၊ မြောက်ဦး နှင့်တစ်ခြားကုန်းမြင့်ပိုင်းနေရာများသို့ ခရီးသည်တင်ကား၊ အိမ်စီးကား၊ ကုန်တင်ကားများဖြင့် ဘေးလွတ်ရာကို တိမ်းရှောင်နေကြသည်။

စစ်တွေမြို့ပေါ် ဘုန်းကြီးကျောင်းများဖြစ်သည့် အဓိဌာန်ကျောင်း၊ ဦးဉာဏစက္ကကျောင်း၊ ဗုဒ္ဓဝိဟာရကျောင်း တို့တွင် လည်း ဒေသခံပြည်သူ ၅ထောင်ကျော်နီးပါး မုန်တိုင်းဘေးအန္တရာယ်ကို လာရောက်ခိုလှုံနေကြပြီး ယနေ့ မေလ၁၃ရက်နေ့ နံနက်တွင် လာရောက်ခိုလှုံသူများကို အာဂျိတ်တော်ကုန်းနှင့် ဓာတ်လည်ကျောင်းများသို့ စတင်ပြောင်းရွေ့ပေးနေသည်ဟု ကူညီကယ်ဆယ်ရေးလုပ်နေသူ ဦးဝေဟင်အောင်က ABN သို့ ပြောသည်။

မုန်တိုင်းဘေးအန္တရာယ် တိမ်းရှောင်လာသူများထဲတွင် သက်ကြီးရွယ်အိုများ ၊ ကလေးသူငယ်များနှင့် က်ိုယ်ဝန်ဆောင်မိခင်များလည်းပါဝင်ကြောင်း သိရသည်။

အမျိုးသားသဘာဝဘေးအန္တရာယ် စောင့်ရှောက်ရေးကော်မတီက စစ်တွေ၊ပေါက်တော၊ မောင်တော၊ ရသေ့တောင်၊ မြေပုံ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့ကို အနီရောင်အဆင့်သတ်မှတ်ပြီး ၄င်းမြို့နယ်များမှ ဘေးလွတ်ရာသို့ မပြောင်းရွေ့လျှင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်ဖြင့် အရေးယူခံရမည်ဟု စကစကထုတ်ပြန်ထားသည်။

ရက္ခိုင့်တပ်တော် ULA/AAကလည်း ပြည်သူ ၄သောင်းကျော်ကို ဘေးလွတ်ရာသို့ ပို့ဆောင်ပေးထားသည်ဟု သိရှ်ိရပြီး ULA ၏ လူသားချင်းစာနာထောက်ထားရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး HDCO ကလည်း ပြည်သူများလိုအပ်သည့် စားနပ်ရိက္ခာများကို ကူညီးထောက်ပံ့နေသည်ဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ