Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မိုခါဆိုင်ကလုန်း မုန်တိုင်းရှောင်ရန် မာန်အောင်မြို့နယ် လုံးကြီးကျွန်းကျေးရွာသို့ မုန်တိုင်းရှောင် ၁၀၀၀ခန့်ရောက်ရှိနေ

ABN-ထက်မြတ်ခင်

ရခိုင်ပြည် မာန်အောင်မြို့နယ် လုံးကြီးကျွန်းကျေးရွာသို့ ပင်လယ်နှင့်နီးစပ်သည့် ကျေးရွာများမှ မုန်တိုင်းရှောင် ၁၀၀၀ခန့်သည် ယနေ့ မေလ၁၃ရက် နံနက်အချိန်တွင် ရောက်နေရှိကြောင်းသိရသည်။

မာန်အောင်မြို့နယ် လုံးကြီးကျွန်းကျေးရွာမှာ အိမ်ခြေ ၈၆စုခန့် ရှိပြီး အခုအခါလုံးကြီးကျေးရွာသို့ မာန်အောင်မြို့ ၊ င/ပုန်းကုန်း၊ ဒိုးတန်းကုန်း နှင့် မိန်းမကြွယ် စသည့် ကျေးရွာများမှ မုန်တိုင်းရှောင်ရန်ရောက်ရှိနေကြောင်းသိရသည်။

ထို့သို့ မုန်တိုင်းရှောင်ရန်ရောက်ရှိလာသည့် ပြည်သူ ၁၀၀၀ကျော်ကို လုံးကြီးကျွန်းကျေးရွာရှိ ရပ်သူရွာသားများမှ အရေးပေါ်ဖြစ်လာပါက အကူညီများပေးနိုင်ရန်အတွက် သွေးအုပ်စုများနှင့် လိုအပ်သလိုအကူညီများပေးနိုင်ရန် စာရင်းများပြုစုထားလျက်ရှိသည်ဟု ကျေးရွာသားတစ်ဦးက ABN သို့ပြောသည်။

“ကျနော်တို့ရွာမှာ မုန်တိုင်းရှောင်ရန်ရောက်ရှိလာတဲ့ ပြည်သူတွေကို အရေးပေါ်ကူညီနိုင်ရန်အတွက် ကျနော်တို့သွေးအုပ်စုတွေကိုစုစည်းထားပါတယ်။ ပြီးတော့ ဆန်မပါလာတဲ့သူတွေကိုပါ ဆန်ပေးထားတာတွေရှိပါတယ်” ဟုပြောသည်။

ရခိုင်ပြည်တွင် အင်အားပြင်းမုန်တိုင်းကြောင့် ဘေးလွတ်ရာသို့ ရှောင်နေကြရသည့် ပြည်သူပေါင်း ၅ သောင်းကျော်အထိရှိပြီဖြစ်ကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ