Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မိုခါဆိုင်ကလုန်းမုန်တိုင်းသင့်ပြည်သူများအား ရက္ခိုင့်တပ်တော်ဆေးအဖွဲ့မှ ဆေးကုသမှုပေးနေသည့် မြင်ကွင်း

ဓာတ်ပုံသတင်း

ABN-မေ ၂၅ ရက်

ရခိုင်တွင် မုန်တိုင်းကြောင့် ရေတွင်း ရေကန်များ ပျက်စီးခြင်း၊ နေအိမ်များပျက်စီးခြင်း၊ ဆေးရုံဆေးခန်းများ ပျက်စီးခြင်းများကြောင့် ထိခိုက်ဒဏ်ရာရခြင်း၊ ဝမ်းလျောဝမ်းပျက် ဖြစ်ခြင်းနှင့် ဆေးဝါးပြတ်လပ်မှုတို့ ရင်ဆိုင်နေကြရသည်ကိုတွေ့ရသည်။

ရက္ခိုင့်တပ်တော် ထိမ်းချုပ်ရာ ဒေသများ၌ ရက္ခိုင့်တပ်တော်က ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို တစိုက်မတ်မတ် ပြုလုပ်နေပြီး အရေးပေါ်ဆေးကုသရန် လိုအပ်သည့် ပြည်သူများအားလည်း ရက္ခိုင့်တပ်တော် ဆေးဖက်ဆိုင်ရာအဖွဲ့ကလည်း ဆေးကုသပေးလျက်ရှိသည်ကို ABN သတင်းဌာန မြေပြင် ကွင်းဆင်း၍ သတင်းရယူရာတွင် တွေ့ရှိရသည်။

ရခိုင်ပြည်တွင်းသို့ ဆေးဝါးတင်သွင်းခွင့်ကို ကန့်သတ်ပိတ်ပင် ထားမှုကြောင့် မုန်တိုင်းသင့် ဒေသမှ ပြည်သူများမှ ဆေးဝါးပြတ်တောက်မှု၊ ဆေးဝါး ဈေးအဆမတန် မြင့်မားမှုတို့ဖြင့် ရင်ဆိုင်နေကြရသည်။

ဓာတ်ပုံ-Mocha Cyclone ERRCA

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ