Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မိုခါကြောင့်ပျက်စီးသွားခဲ့သည့် ရှင်တစ်ထောင်ဘုရားတွင် ပြန်လည်ပြုပြင်ရန်အတွက် ငွေကြေးအကူအညီလိုအပ်နေ

  • မိုခါကြောင့်ပျက်စီးသွားခဲ့သည့် ရှင်တစ်ထောင်ဘုရားတွင် ပြန်လည်ပြုပြင်ရန်အတွက် ငွေကြေးအကူအညီလိုအပ်နေ AB News-ဟိန်းထွန်း အောက်တိုဘာ ၉ ရက် မိုခါကြောင့်ပျက်စီးသွားခဲ့သည့် ရခိုင်ပြည်၊ ရသေ့တောင်မြို့​၊ တောင်ရင်းတန်းရပ်ကွက်ရှိ ကဿပညီနောင် ရှင်တစ်ထောင်ဘုရား ကိုပြန်လည်ပြုပြင်ရန်အတွက် ငွေကြေးအကူအညီလိုအပ်နေကြောင်း သိရသည်။ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် အားကောင်းသည့် ဆိုင်ကလုန်း မိုခါမုန်တိုင်းကြောင့် ၎င်းတောင်ကုန်းပေါ်တွင်ဆောက်လုပ်ထားသည့် အဆောင်ပေါင်း ၁၅ ဆောင်ခန့် ပျက်စီးသွားခဲ့ရကြောင်း တွေ့ရှိရသည်။ အားလုံးနီးပါးပျက်စီးသွားခဲ့ရသည့်အတွက် ယခုပြန်လည်ပြုပြင်နေစဥ်အတွင်း ဘိလပ်မြေ၊ အုတ် နှင့် လက်သမားလုပ်အားခများအစရှိသည်တို့ကို အကြွေးပေး၍ ပြုပြင်နေ​ရကြောင်း ရှင်တစ်ထောင် ဂေါပက ဥက္ကဌ ဦးသန်းကျော်အေးက ABN သို့ပြောသည်။ "မိုခါနဲ့အာလုံးပါသွားတယ်၊ အခုလည်းပြုပြင်နေတာပါ၊ ဘိလပ်မြေ နဲ့အုတ်တွေကို အကြွေးဝယ်ယူနေရတယ်၊ လက်သမား လုပ်အားခတွေကိုလည်း အကြွေးပေးပြီး ပြုပြင်နေရပါတယ်" ဟု ဆိုသည်။ ၎င်းပျက်စီးနေသည့်အဆောင်များအတွက် လိုအပ်သည့် သစ်များနှင့် သွယ်ပြားချပ်များကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးထံကပေးထားကြောင်း သိရသည်။ ရှင်တစ်ထောင်ဘုရားပွဲကို နှစ်စဥ်နှစ်တိုင်း ပြာသိုလ်လဆန်း ၁၂ ရက်နေ့တွင် စည်စည်ကားကား ကျင်းပလေ့ရှိပြီး ပြည်သူများသောင်းနှင့်ချီ၍ လာရောက်ကြကြောင်း သိရသည်။ မိုခါကြောင့် ပျက်စီးသွားခဲ့သည့် အဆောင်များဖြစ်သည့် ရှင်တစ်ထောင်ဘုရားထားရာအဆောင်၊ ဗိမာန်အဆောင်၊ ဓမ္မာရုံအဆောင်၊ ရဟန်းသံဃာဆွမ်းစားဆောင်၊ ယောဂီကျားဆွမ်းစားဆောင်၊ ဘုန်းကြီးနေအဆောင်၊ သိမ်ဆောင်၊ ရဟန်းနေအဆောင်၊ ​သင်္ခန်းဆောင်၊ ဝေပုလ္လနားနေအဆောင်၊ ထမင်းချက်အဆောင်၊ မြစိမ်းရောင်စေတီ အပါအဝင် တစ်ခြားအဆောင်များလည်း ပျက်စီးသွားခဲ့သည်ကို တွေ့ရသည်။ လက်အချိန်တွင် ငွေကြေးအခက်အခဲတစ်ချို့ကြောင့် ပြန်လည်ပြုပြင်နေသည့် အဆောင်တစ်ချို့ကို ရပ်နားထားရကာ ပြီးစီးရန်အခက်တွေ့နေရကြောင်း ၎င်း မှ ဆက်​၍ ပြောသည်။ "ပိုက်ဆံမရှိလို့ အဆောင်တစ်ချို့ကိုရပ်နားထားရပါတယ်၊ တစ်ချို့အဆောင်တွေလည်း ပြီးစီးနေပါပြီ၊ အဆောင်က အကုန်လုံးပျက်စီးသွားတော့ ​ပိုက်ဆံမရှိရင် အခက်တွေ့ ပါတယ်" ဟု ဆိုသည်။ ၎င်းတောင်ပေါ်တွင် ကျေးဇူးတော်ရှင် ကမ္မဌာနာစရိယ ဆရာတော်ကြီး ဘဒ္ဒန္တ ဉာဏစက္ကရုပ်တုတော်ကိုတည်ထားကိုးကွယ်လျက်ရှိကြောင်း တွေ့ရသည်။ ကဿပညီနောင် ရှင်တစ်ထောင်ဘုရားပွဲကျင်းပနေစဥ်အတွင်း လာရောက်ကြသည့် ဘုရားဖူးဧည့်သည်များနှင့် ဒေသခံပြည်သူများထံကသာ အလှူခံငွေကောက်ခံရရှိပြီး ကျန်လများတွင် ကောက်ခံမှုမရှိသည့်အတွက် ရှင်တစ်ထောင်ဘုရားကိုပြန်လည်ပြုပြင်နိုင်ရန် ငွေကြေး အခက်အခဲရှိကြောင်းပြောသည်။ ထိုအဆောင်အားလုံးပြီးစီးနိုင်ရန်အတွက် ​ခန့်မှန်းခြေငွေကြေး သိန်း ၇၀၀ ကျော် နှင့် သိန်း ၁၀၀၀ ဝန်းကျင်ခန့်မှန်းထားကြောင်း သိရသည်။

AB News-ဟိန်းထွန်း

အောက်တိုဘာ ၉ ရက်

မိုခါကြောင့်ပျက်စီးသွားခဲ့သည့် ရခိုင်ပြည်၊ ရသေ့တောင်မြို့​၊ တောင်ရင်းတန်းရပ်ကွက်ရှိ ကဿပညီနောင် ရှင်တစ်ထောင်ဘုရား ကိုပြန်လည်ပြုပြင်ရန်အတွက် ငွေကြေးအကူအညီလိုအပ်နေကြောင်း သိရသည်။

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် အားကောင်းသည့် ဆိုင်ကလုန်း မိုခါမုန်တိုင်းကြောင့် ၎င်းတောင်ကုန်းပေါ်တွင်ဆောက်လုပ်ထားသည့် အဆောင်ပေါင်း ၁၅ ဆောင်ခန့် ပျက်စီးသွားခဲ့ရကြောင်း တွေ့ရှိရသည်။

အားလုံးနီးပါးပျက်စီးသွားခဲ့ရသည့်အတွက် ယခုပြန်လည်ပြုပြင်နေစဥ်အတွင်း ဘိလပ်မြေ၊ အုတ် နှင့် လက်သမားလုပ်အားခများအစရှိသည်တို့ကို အကြွေးပေး၍ ပြုပြင်နေ​ရကြောင်း ရှင်တစ်ထောင် ဂေါပက ဥက္ကဌ ဦးသန်းကျော်အေးက ABN သို့ပြောသည်။

“မိုခါနဲ့အာလုံးပါသွားတယ်၊ အခုလည်းပြုပြင်နေတာပါ၊ ဘိလပ်မြေ နဲ့အုတ်တွေကို အကြွေးဝယ်ယူနေရတယ်၊ လက်သမား လုပ်အားခတွေကိုလည်း အကြွေးပေးပြီး ပြုပြင်နေရပါတယ်” ဟု ဆိုသည်။

၎င်းပျက်စီးနေသည့်အဆောင်များအတွက် လိုအပ်သည့် သစ်များနှင့် သွယ်ပြားချပ်များကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးထံကပေးထားကြောင်း သိရသည်။

ရှင်တစ်ထောင်ဘုရားပွဲကို နှစ်စဥ်နှစ်တိုင်း ပြာသိုလ်လဆန်း ၁၂ ရက်နေ့တွင် စည်စည်ကားကား ကျင်းပလေ့ရှိပြီး ပြည်သူများသောင်းနှင့်ချီ၍ လာရောက်ကြကြောင်း သိရသည်။

မိုခါကြောင့် ပျက်စီးသွားခဲ့သည့် အဆောင်များဖြစ်သည့် ရှင်တစ်ထောင်ဘုရားထားရာအဆောင်၊ ဗိမာန်အဆောင်၊ ဓမ္မာရုံအဆောင်၊ ရဟန်းသံဃာဆွမ်းစားဆောင်၊ ယောဂီကျားဆွမ်းစားဆောင်၊ ဘုန်းကြီးနေအဆောင်၊ သိမ်ဆောင်၊ ရဟန်းနေအဆောင်၊ ​သင်္ခန်းဆောင်၊ ဝေပုလ္လနားနေအဆောင်၊ ထမင်းချက်အဆောင်၊ မြစိမ်းရောင်စေတီ အပါအဝင် တစ်ခြားအဆောင်များလည်း ပျက်စီးသွားခဲ့သည်ကို တွေ့ရသည်။

လက်အချိန်တွင် ငွေကြေးအခက်အခဲတစ်ချို့ကြောင့် ပြန်လည်ပြုပြင်နေသည့် အဆောင်တစ်ချို့ကို ရပ်နားထားရကာ ပြီးစီးရန်အခက်တွေ့နေရကြောင်း ၎င်း မှ ဆက်​၍ ပြောသည်။

“ပိုက်ဆံမရှိလို့ အဆောင်တစ်ချို့ကိုရပ်နားထားရပါတယ်၊ တစ်ချို့အဆောင်တွေလည်း ပြီးစီးနေပါပြီ၊ အဆောင်က အကုန်လုံးပျက်စီးသွားတော့ ​ပိုက်ဆံမရှိရင် အခက်တွေ့ ပါတယ်” ဟု ဆိုသည်။

၎င်းတောင်ပေါ်တွင် ကျေးဇူးတော်ရှင် ကမ္မဌာနာစရိယ ဆရာတော်ကြီး ဘဒ္ဒန္တ ဉာဏစက္ကရုပ်တုတော်ကိုတည်ထားကိုးကွယ်လျက်ရှိကြောင်း တွေ့ရသည်။

ကဿပညီနောင် ရှင်တစ်ထောင်ဘုရားပွဲကျင်းပနေစဥ်အတွင်း လာရောက်ကြသည့် ဘုရားဖူးဧည့်သည်များနှင့် ဒေသခံပြည်သူများထံကသာ အလှူခံငွေကောက်ခံရရှိပြီး ကျန်လများတွင် ကောက်ခံမှုမရှိသည့်အတွက် ရှင်တစ်ထောင်ဘုရားကိုပြန်လည်ပြုပြင်နိုင်ရန် ငွေကြေး အခက်အခဲရှိကြောင်းပြောသည်။

ထိုအဆောင်အားလုံးပြီးစီးနိုင်ရန်အတွက် ​ခန့်မှန်းခြေငွေကြေး သိန်း ၇၀၀ ကျော် နှင့် သိန်း ၁၀၀၀ ဝန်းကျင်ခန့်မှန်းထားကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ