Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မအီမြို့ရှိ တံတား ၂ စင်းကို စစ်ကောင်စီက မိုင်းခွဲ ဖျက်ဆီး

AB News-ဖေဖော်ဝါရီ ၁၇၊ ၂၀၂၄

ရက္ခိုင်ပြည် မအီမြို့ရှိ မအီချောင်းတံတားနှင့် ကျောက်ကြီးပေါက် တံတားတို့ကို စစ်ကောင်စီအဖွဲ့က မိုင်းခွဲ ဖျက်ဆီးသွားကြောင်း ဒေသခံများကပြောသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ ညဥ့် ၉ နာရီ၊ ၂၅ မိနစ်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီက မအီမြို့၊ မအီချောင်းတံတားကို ဖျက်ဆီးခဲ့သည်။

ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ နံနက်၂ နာရီ၊ ၅၃မိနစ်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီက မအီမြို့၊ကျောက်ကြီးပေါက်ချောင်းတံတားကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။

မအီမြို့မှ မအီချောင်းတံတားနှင့် ကျောက်ကြီးပေါက်တံတားများကို စစ်ကောင်စီအဖွဲ့၏ လှုပ်ရှားစစ်ကြောင်းများက လာရောက်ကာ မိုင်းခွဲဖျက်စီးခဲ့ကြောင်း ဒေသခံ ၁ဦးက ပြောသည်။

“မနေ့က စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်အချို့ကို အမ်းမြို့ကို ပြောင်းရွေ့ခဲ့တယ်။ သူတို့က တပ်အဆုတ်မှာ ဆက်သွယ်ရေးလမ်းကို ဖြတ်တောက်ဖို့ တံတားတွေကို ဖျက်ဆီးခဲ့တယ်” ဟု ဆိုသည်။

ယနေ့ နံနက်အစောပိုင်းအချိန်မှ ယခုအချိန်ထိ မအီမြို့အတွင်း ကျန်ရှိနေသည့် စစ်ကောင်စီစခန်းများက အရပ်သားများနေထိုင်သည့် ရပ်ရွာများကို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေကြောင်း သိရသည်။

မအီမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့မိသားစုဝင်များကို ယနေ့ ဖေဖော်ဝါရီလ ၁၆ရက်၊ မွန်းလွှဲ ၁၂နာရီကျော်အချိန်မှ ယခုအချိန်ထိ ရဟတ်ယာဉ်ဖြင့် ပြောင်းရွေ့နေသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ရက်နေ့ကလည်း ကျောက်တော်မြို့အနီး ကစ္ဆပနဒီတံတားနှင့် စစ်တွေမြို့နယ်ရှိ အမြင့်ကျွန်းတံတားတို့ကို အကြမ်းဖက် စစ်ကောင်စီအဖွဲ့က Y12 စစ်ထောက်ပို့ လေယာဥ်ဖြင့် ဗုံးချ ဖျက်ဆီးခဲ့သည်။

Website
www.arakanbaynews.com

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL 

ထင်မြင်ယူဆချက်‌‌ပေးရန်