Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မအီမြို့မှ ဒေသခံ ၃ဦးကို လူသားဒိုင်းကာအဖြစ် စစ်ကောင်စီတပ်ဆုတ်စဥ် မတရားဖမ်းဆီးသွား

မအီမြို့မှ ဒေသခံ ၃ဦးကို လူသားဒိုင်းကာအဖြစ် စစ်ကောင်စီတပ်ဆုတ်စဥ် မတရားဖမ်းဆီးသွား

AB News – ဖေဖော်ဝါရီ ၁၇၊ ၂၀၂၄

မအီမြို့မှ  ဒေသခံအမျိုးသား ၃ဦးကို လူသားဒိုင်းကာအဖြစ် စစ်ကောင်စီက တပ်ဆုတ်စဥ် ယမန်နေ့ ဖေဖောဝါရီလ ၁၆ရက်၊ ညဥ့် ၉နာရီကျော်အချိန်၌ မတရားဖမ်းဆီးသွားကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ဖမ်းဆီးခံရသူများမှာ မအီမြို့၊ ကင်းခြေရွာသစ်မှ  ဦးမောင်သန်း၊ ကိုညီညီနှင့် ဦးနိုင်လင်းအောင် တို့ဖြစ်သည်။

၎င်းဒေသခံ ၃ ဦးကို စစ်ကောင်စီအဖွဲ့က ကင်းခြေရွာထဲဝင်ပြီး ဖမ်းဆီးသွားသည်ဟု မအီမြို့ခံ ၁ဦးက AB News သို့ ပြောကြားသည်။

“မနေ့က ညဥ့်အချိန်မှာ မအီကနေ ကျောက်ဖြူကို တပ်ဆုတ်တဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲသားတွေက ကင်းခြေရွာသစ်ကို ဝင်ပြီး သူတို့ ၃ဦးကို ဖမ်းဆီးသွားတယ်” ဆိုသည်။

မအီမြို့အခြေစိုက်  ဇိဇံဗျူဟာကုန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ​မအီမြို့ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များအပါအဝင် အင်အား ၈၀ခန့်သည် မအီမြို့မှ ကျောက်ဖြူသို့ တပ်ဆုတ်ခွာစဥ် ညဥ့် ၁၂နာရီကျော်အချိန်တွင် ကင်းခြေရွာသစ်ကို ဝင်ရောက်ပြီး   ဦးမောင်သန်း၊ ကိုညီညီနှင့် ဦးနိုင်လင်းအောင်တို့ကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင်ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်မှ ဒေသခံ ရေလုပ်သား ၉ ဦးကို စစ်ကောင်စီရေတပ်က ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်ထိ ကျောက်ဖြူမြို့မ ရဲစခန်းတွင် ဖမ်းဆီး ချုပ်နှောင်ထားကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက မအီမြို့၊ မအီချောင်းတံတားကို မိုင်းခွဲဖျက်ဆီးခဲ့ပြီး ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ နံနက်၂ နာရီ၊ ၅၃မိနစ်အချိန်တွင်လည်း မအီမြို့၊ကျောက်ကြီးပေါက်ချောင်းတံတားကို မိုင်းခွဲ ဖျက်ဆီးခဲ့သည်။

Website
www.arakanbaynews.com 

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL 

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ