Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မအီမြို့တွင် စစ်ကောင်စီတပ်ဖွဲ့များ၏ မိသားစုများကို ရဟတ်ယာဉ်ဖြင့် ပြောင်းရွေ့နေ

မအီမြို့တွင် စစ်ကောင်စီတပ်ဖွဲ့များ၏ မိသားစုများကို ရဟတ်ယာဉ်ဖြင့် ပြောင်းရွေ့နေ

AB News – ဖေဖော်ဝါရီ ၁၅၊ ၂၀၂၄

ရက္ခိုင်ပြည် မအီမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မိသားများကို ယနေ့ ဖေဖော်ဝါရီလ ၁၅ရက်၊ ညနေ ၅နာရီကျော်အချိန်တွင် ရဟတ်ယာဉ်ဖြင့် ပြောင်းရွေ့ခဲ့ကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်များမှ သိရှိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၅ရက်၊ ညနေ ၅နာရီကျော်အချိန်တွင် မအီမြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်ခန့်မှန်း ၃၀ကျော်ကို ရဟတ်ယာဉ်ဖြင့် ပြောင်းရွေ့ခဲ့သည်ဟု ဒေသခံ ၁ဦးက AB News သို့ ပြောကြားသည်။

“ဒီနေ့ ညနေ ၃နာရီကျော်အချိန်မှာ စစ်ကောင်စီရဲ့ ရဟတ်ယာဉ် ၁စီးဟာ မအီမြို့ အမှတ် ၂ စခန်းမှာ ရိက္ခာတွေ ချပေးခဲ့တယ်။ ညနေ ၅ နာရီကျော်မှာလည်း စစ်ကောင်ရဲ့ မိသားစုဝင် ၃၀ကျော်ကို ရဟတ်ယာဉ်နဲ့ တင်ယူသွားတာ တွေ့ပါတယ်” ဟု ဆိုသည်။

စစ်ကောင်စီ၏ မိသားစုဝင်များကို ရဟတ်ယာဉ်ဖြင့် မပြောင်းရွေ့မီအချိန်တွင် အမှတ် ၂ စခန်းအနီး ပတ်ဝန်းကျင်တွင် စစ်ကောင်စီအဖွဲ့ဝင်များ ကင်းပုန်းဝတ်နေခဲ့ပြီး ယင်းနောက် အမှတ် ၄ တပ်စခန်းသို့ ဦးတည်၍ သွားကြောင်း သိရသည်။

“မအီမြို့ကို ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်လာမှာကို ကြောက်ပြီးတော့ စစ်ကောင်စီတပ် အရာရှိ၊ အရာခံများ၏ မိသားစုများကို ပြောင်းရွေ့တာပဲ ဖြစ်မယ် ” ဟု နောက်ထပ် လုံခြုံရေးကြောင့် အမည်မဖော်လိုသည့် မအီမြို့ခံ ၁ဦးက ပြောဆိုသည်။

စစ်ကောင်စီသည် ယနေ့ နေ့လည်ပိုင်းအချိန်တွင် မအီမြို့ရှိ လူနေရပ်ကွက်များကို ၎င်းတို့၏ အခြေချတပ်စခန်းများက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၄ရက်နေ့၊ နေ့လည်အချိန်မှ ညပိုင်းအချိန်ထိ အာဏာသိမ်းစစ်ကောင်စီအဖွဲ့သည် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်း လုံးဝမရှိသေးသည့် တောင်ကုတ်မြို့နယ်၊ လမုတိုက်နယ်ရှိ နေရာအချို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

Website
www.arakanbaynews.com     
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ