Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မအီနယ်မြေရဲစခန်းက ဖမ်း၀ရမ်းထုတ်ထားသဖြင့် ဒေသခံ စီးပွားရေးလုပ်ငန်းရှင် ၅ဦး ထွက်ပြေးတိမ်ရှောင်နေရ

မအိီနယ်မြေရဲစခန်းက ဖမ်း၀ရမ်းထုတ်ထားသဖြင့် ဒေသခံ စီးပွားရေးလုပ်ငန်းရှင် ၅ဦး ထွက်ပြေးတိမ်ရှောင်နေရ

ABN -ရာဟု

ရခိုင်ပြည် တောင်ကုတ်မြို့နယ် ​မအိီနယ်မြေရဲစခန်းမှ ဖမ်းဝရမ်းထုတ်ထားသဖြင့် ဒေသခံ စီးပွားရေးလုပ်ငန်းရှင် ၅ဦး ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းသိရှိရသည်။

ထွက်ပြေးတိမ်းရှောင်နေကြရသူများမှာ မအီမြို့အမှတ်၃ ရပ်ကွက်မှ ဦးမောင်ထွန်းသိန်း ၊ ဦးတင်၀င်း၊ ဦးဇာနည်လင်း၊ ဦးထွန်းဝင်း နှင့်အမှတ်၂ ရပ်ကွက်မှ ဦးတင်ထွန်းတို့ဖြစ်ကြသည်။

၄င်းတို့ ၅ဦးကို မည်သည့်အကြောင်းကြောင့် ဖမ်း၀ရမ်းထုတ်သည်ကို အသေအချာမသိရှိရသေးပေ။

တောင်ကုတ်တ်ရဲစခန်းမှ မအီနယ်မြေရဲစခန်းကို ဖမ်း၀ရမ်းထုတ်ရန် ညွှန်ကြားခြင်းဖြစ်ကြောင်း သိရှိရသော်လည်း ၎င်းတို့တွင်အပြစ်မရှိဘဲ ဖမ်းဆီးခံရမည်ကို စိုးရိမ်သည့်အတွက် ဘေးလွတ်ရာ ထွက်ပြေးတိမ်ရှောင်နေသည်ဟု ဦးထွန်းဝင်းက ပြောဆိုသည်။

“ကျနော်တို့ ၅ဦးကို ဘာကိစ္စနှင့်ဖမ်း၀ရမ်းထုတ်တာလဲ မသိဘူး၊ အဖမ်းခံရရင် အပြစ်မရှိလည်း ပြန်လွှတ်မှာ မသေချာဘူး၊ ခုကျနော်တို့ဘေးလွတ်ရာကိုရှောင်တိမ်းနေပါတယ်” ဟု ဦးထွန်းဝင်းက ABNကို ပြောသည်။

ဖမ်းဝရမ်းထုတ်ခံရသည့် လူ ၅ဦးမှာ မအီမြို့မှ စီးပွားရေး သမားများ ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးထွန်းကြွယ်က်ိုလည်း နိုဝင်ဘာလ ၁၄ရက်နေ့က တောင်ကုတ်မြို့မှ မအီသို့ပြန်လာစဥ် လမ်းတွင်ဖမ်းဆီးခဲ့ပြီး ယနေ့အချိန်အထိ ပြန်လည်လွတ်မြောက်ခြင်း မရှိကြောင်းသိရသည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကလည်း တောင်ကုတ် မြို့မရဲစခန်းမှ ဒုရဲအုပ်တစ်ယောက်ကို စစ်တပ်ကဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ